စိတ္က်န္းမာေရး လက္မွတ္ကိုင္ၿပီး လုပ္ခ်င္တာလုပ္ရင္ ထုတ္ေပးတဲ့ ဆရာ၀န္ေတြပါ စစ္သင့္

0
5480

စိတ္က်န္းမာေရး (အ႐ူး) လက္မွတ္ေတြကိုင္ၿပီး လုပ္ခ်င္တာလုပ္ရင္ လက္မွတ္ထုတ္ေပးတဲ့ ဆရာဝန္ေတြကိုပါ ေခၚစစ္ရလိမ့္မယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က MCN သတင္းဌာနကို ေျပာပါတယ္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္ၿခံဝင္းထဲကို မီးစာတပ္ထားတဲ့ ဓာတ္ဆီပုလင္းနဲ႔ ပစ္ေပါက္ထြက္ေျပးသြားသူကို လက္ရွိမွာ ဖမ္းမိထားၿပီ ျဖစ္ေပမယ့္ စိတ္က်န္းမာေရး ခ်ိဳ႕တဲ့သူ တစ္ဦးျဖစ္တယ္လို႔ ေဆးစာအုပ္နဲ႔တကြ အြန္လိုင္း လူမႈကြန္ရက္မွာ ဓာတ္ပံုေတြ ထြက္ေပၚေနပါတယ္။

ဒါ့အျပင္ အ႐ူးလက္မွတ္ ကိုင္ေဆာင္ထားတဲ့သူကို အာမခံေပးလို႔ မရဘဲ စနစ္တက်စီစဥ္ၿပီး လုပ္၊ မလုပ္ ျပစ္မႈက်ဴးလြန္သူရဲ႕ စိတ္အစဥ္က သတိေကာင္းစြာ ရွိ၊ မရွိ၊ ျပဳလုပ္ျခင္းရဲ႕ အက်ိဳးဆက္ကို သိျမင္ၿပီး လုပ္တယ္ဆိုရင္ ဥပေဒအရ ၿငိစြန္းတယ္လို႔ ဦးေရာဘတ္စန္းေအာင္က စိတ္က်န္းမာေရး လက္မွတ္ကိုင္ေဆာင္ သူေတြနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စိတ်ကျန်းမာရေး လက်မှတ်ကိုင်ပြီး လုပ်ချင်တာလုပ်ရင် ထုတ်ပေးတဲ့ ဆရာဝန်တွေပါ စစ်သင့်

စိတ်ကျန်းမာရေး (အရူး) လက်မှတ်တွေကိုင်ပြီး လုပ်ချင်တာလုပ်ရင် လက်မှတ်ထုတ်ပေးတဲ့ ဆရာဝန်တွေကိုပါ ခေါ်စစ်ရလိမ့်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က MCN သတင်းဌာနကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို မီးစာတပ်ထားတဲ့ ဓာတ်ဆီပုလင်းနဲ့ ပစ်ပေါက်ထွက်ပြေးသွားသူကို လက်ရှိမှာ ဖမ်းမိထားပြီ ဖြစ်ပေမယ့် စိတ်ကျန်းမာရေး ချို့တဲ့သူ တစ်ဦးဖြစ်တယ်လို့ ဆေးစာအုပ်နဲ့တကွ အွန်လိုင်း လူမှုကွန်ရက်မှာ ဓာတ်ပုံတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် အရူးလက်မှတ် ကိုင်ဆောင်ထားတဲ့သူကို အာမခံပေးလို့ မရဘဲ စနစ်တကျစီစဉ်ပြီး လုပ်၊ မလုပ် ပြစ်မှုကျူးလွန်သူရဲ့ စိတ်အစဉ်က သတိကောင်းစွာ ရှိ၊ မရှိ၊ ပြုလုပ်ခြင်းရဲ့ အကျိုးဆက်ကို သိမြင်ပြီး လုပ်တယ်ဆိုရင် ဥပဒေအရ ငြိစွန်းတယ်လို့ ဦးရောဘတ်စန်းအောင်က စိတ်ကျန်းမာရေး လက်မှတ်ကိုင်ဆောင် သူတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။