စာဖတ္မ်ားမွသာ လုပ္ငန္းအေတြ႕အႀကံဳေတြကို အလုပ္ေခၚစာမွာ ျပန္ေရးႏိုင္မယ္

0
31

စာဖတ္အားေကာင္းတဲ႔ သူေတြက  အလုပ္လုပ္ရင္း ျဖတ္သန္းရတဲ႔ အေတြ႔အႀကဳံကုိ အလုပ္ေခၚစာေတြမွာ ျပန္ေရးနုိင္မွာ ျဖစ္တယ္လုိ႔ စာေရးဆရာ မင္းကုိႏုိင္ ကေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထား ပါတယ္။

တုိးတက္ ေျပာင္းလဲလာတဲ႔ ေခတ္စနစ္နဲ႔ အညီ ႏုိင္ငံတကာ ကရင္းႏွီးျမွပ္ႏွံ မႈဝင္ေရာက္လာတဲ႔ အခါ အလုပ္ေလ်ွာက္ ေနၾကတဲ႔ လူငယ္ေတြအေနနဲ႔ အလုပ္ေလွ်ာက္လႊာေတြ မွာ အေတြးအေခၚနဲ႔ အေတြအၾကဳံေတြကုိ ထည္႔သြင္း ေရးတာေတြကုိ အလုပ္ရွင္ေတြက လုိလားေနၾကတာျဖစ္ပါတယ္။

ဒါေၾကာင္႔ လူငယ္ေတြအေနနဲ႔ စာမ်ားမ်ားဖတ္မွသာ အလုပ္လုပ္ရင္း ျဖတ္သန္းရတဲ႔ အေတြ႔ အႀကဳံေတြကုိ အလုပ္ေခၚစာေတြမွာ ျပန္ေရးနုိင္မွာပဲျဖစ္တယ္လုိ႔ စာေရးဆရာ မင္းကုိႏုိင္ ကေျပာပါတယ္။

Soundbite  စာေရးဆရာ မင္းကုိႏိုင္

ဒါအျပင္ အလုပ္ေလ်ွာက္တဲ႔အခါ လူတစ္ဦးရဲ႕ေအာင္လက္မွတ္ ကအဓိက မက်ပဲ အလုပ္လုပ္ရင္း ရႈံးနိမ္႔မႈ၊ေအာင္ျမင္မႈေတြရဲ႕ အေတြအႀကဳံ ေတြကသာ အဓိက်တာပါ ။အဲဒါေၾကာင့္ လူငယ္ေတြအေနနဲ႔ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ မလုိလားအပ္တဲ႔ ပုံနဲ႔စာေတြကုိ မတင္ၾကပဲ ဘဝအေတြ႔အႀကဳံနဲ႔ စာေပေတြကိုသာ ဖတ္ရႈေလ႔လာ သြားေစခ်င္တယ္လုိ႔ စာေရးဆရာ  မင္းကုိႏုိင္ကေျပာပါတယ္။

Soundbite  စာေရးဆရာ မင္းကုိႏိုင္

လူငယ္ေတြအေနနဲ႔  လူမႈကြန္ယက္အသုံးျပဳမႈ ျမင့္တက္လာတာနဲ႔အမွ် စာအုပ္စာေပ ေတြကုိ အြန္လုိင္းကေန တဆင့္ဖတ္ရႈမႈေတြ ရွိလာသလုိအြန္လုိင္းကေန မိမိတုိ႔သင္ယူခ်င္တဲ့  ဘာသာရပ္ ေတြကိုလည္း သင္ၾကားႏိုင္တဲ့အခြင့္အလမ္းေတြရွိေနတာေၾကာင့္ မိမိတို႔ႀကိဳက္ႏွစ္သက္တဲ့ လုပ္ငန္းခြင္ထဲ ၀င္ေရာက္ႏုိ္င္ဖုိ႔ ႀကိဳးစားလုပ္ေဆာင္ၾကဖို႔လည္း တုိက္တြန္းထားပါတယ္ ရွင္။

စာဖတ်အားကောင်းတဲ့ သူတွေက အလုပ်လုပ်ရင်း ဖြတ်သန်းရတဲ့ အတွေ့အကြုံကို အလုပ်ခေါ်စာတွေမှာ ပြန်ရေးနိုင်မှာ ဖြစ်တယ်လို့ စာရေးဆရာ မင်းကိုနိုင် ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထား ပါတယ်။

တိုးတက် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အညီ နိုင်ငံတကာ ကရင်းနှီးမြှပ်နှံ မှုဝင်ရောက်လာတဲ့ အခါ အလုပ်လျှောက် နေကြတဲ့ လူငယ်တွေအနေနဲ့ အလုပ်လျှောက်လွှာတွေ မှာ အတွေးအခေါ်နဲ့ အတွေအကြုံတွေကို ထည့်သွင်း ရေးတာတွေကို အလုပ်ရှင်တွေက လိုလားနေကြတာဖြစ်ပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ စာများများဖတ်မှသာ အလုပ်လုပ်ရင်း ဖြတ်သန်းရတဲ့ အတွေ့ အကြုံတွေကို အလုပ်ခေါ်စာတွေမှာ ပြန်ရေးနိုင်မှာပဲဖြစ်တယ်လို့ စာရေးဆရာ မင်းကိုနိုင် ကပြောပါတယ်။

Soundbite စာရေးဆရာ မင်းကိုနိုင်

ဒါအပြင် အလုပ်လျှောက်တဲ့အခါ လူတစ်ဦးရဲ့အောင်လက်မှတ် ကအဓိက မကျပဲ အလုပ်လုပ်ရင်း ရှုံးနိမ့်မှု၊အောင်မြင်မှုတွေရဲ့ အတွေအကြုံ တွေကသာ အဓိကျတာပါ ။အဲဒါကြောင့် လူငယ်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မလိုလားအပ်တဲ့ ပုံနဲ့စာတွေကို မတင်ကြပဲ ဘဝအတွေ့အကြုံနဲ့ စာပေတွေကိုသာ ဖတ်ရှုလေ့လာ သွားစေချင်တယ်လို့ စာရေးဆရာ မင်းကိုနိုင်ကပြောပါတယ်။

Soundbite စာရေးဆရာ မင်းကိုနိုင်

လူငယ်တွေအနေနဲ့ လူမှုကွန်ယက်အသုံးပြုမှု မြင့်တက်လာတာနဲ့အမျှ စာအုပ်စာပေ တွေကို အွန်လိုင်းကနေ တဆင့်ဖတ်ရှုမှုတွေ ရှိလာသလိုအွန်လိုင်းကနေ မိမိတို့သင်ယူချင်တဲ့ ဘာသာရပ် တွေကိုလည်း သင်ကြားနိုင်တဲ့အခွင့်အလမ်းတွေရှိနေတာကြောင့် မိမိတို့ကြိုက်နှစ်သက်တဲ့ လုပ်ငန်းခွင်ထဲ ဝင်ရောက်နိ်ုင်ဖို့ ကြိုးစားလုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ် ရှင်။