စလင္းဘတ္အိတ္ထဲမွာ ၆ ရက္သား ကေလးငယ္ကို ဝွက္ယူလာတဲ့ အေမရိကန္သူ အဖမ္းခံရ

0
41

၆ ရက္သားအရြယ္ ကေလးငယ္ကို စလင္းဘတ္အိတ္ထဲ ဝွက္ထည့္ၿပီး ေခၚထုတ္သြားဖို႔ ႀကိဳးပမ္းတဲ့ အေမရိကန္ႏိုင္ငံသူ အမ်ိဳးသမီးကို ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာေလဆိပ္မွာ လူကုန္ကူးမႈနဲ႔ ဖမ္းဆီးလိုက္ေၾကာင္း အရာရွိေတြက မေန႔ စက္တင္ဘာလ ၅ ရက္ေန႔မွာ ေျပာပါတယ္။

ဂ်နီဖာ အီရင္ တဲလ္ေဘာ့ ဆိုသူ အမ်ိဳးသမီးဟာ စက္တင္ဘာလ ၄ ရက္ေန႔က ၆ ရက္သားအရြယ္ ေယာက်္ားေလးကို သယ္ယူကာ လူဝင္မႈ ႀကီးၾကပ္ေရးကို ေအာင္ျမင္စြာ ျဖတ္သန္းႏိုင္ခဲ့ေပမယ့္ လက္မွတ္ျဖတ္တဲ့ဂိတ္မွာ တားဆီး စစ္ေဆးခံခဲ့ရပါတယ္။ တဲလ္ေဘာ့ဟာ ကေလးငယ္နဲ႔ ပတ္သက္လို႔ ႏိုင္ငံကူးလက္မွတ္၊ ေလယာဥ္လက္မွတ္၊ အစိုးရ ခြင့္ျပဳခ်က္ တစ္ခုမွ မျပႏိုင္ခဲ့ပါဘူး။ သူဟာ အေမရိကန္ႏိုင္ငံ၊ ယူတာ့ျပည္နယ္မွာ ေနထိုင္သူ ျဖစ္ပါတယ္။ 

တဲလ္ေဘာ့ကို အမ်ိဳးသားစံုစမ္းစစ္ေဆးေရး ျဗဴ႐ို (NBI) ဆီ ပို႔ေဆာင္ခဲ့ၿပီး ကေလးငယ္ကို အစိုးရေစာင့္ေရွာက္ေရး ေဂဟာဆီ ပို႔ေဆာင္ထားပါတယ္။ တဲလ္ေဘာ့က မာရီခရစ္ ဒူလပ္ဆိုသူ မိခင္ရဲ႕ အေမရိကန္ကို ေခၚသြားေရး သေဘာတူညီခ်က္နဲ႔ ေခၚေဆာင္လာတာလို႔ ေျပာေပမယ့္ မိခင္ျဖစ္သူက လက္မွတ္ေရးထိုးေပးထားျခင္း မရွိပါဘူး။

စလင်းဘတ်အိတ်ထဲမှာ ၆ ရက်သား ကလေးငယ်ကို ဝှက်ယူလာတဲ့ အမေရိကန်သူ အဖမ်းခံရ


၆ ရက်သားအရွယ် ကလေးငယ်ကို စလင်းဘတ်အိတ်ထဲ ဝှက်ထည့်ပြီး ခေါ်ထုတ်သွားဖို့ ကြိုးပမ်းတဲ့ အမေရိကန်နိုင်ငံသူ အမျိုးသမီးကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်မှာ လူကုန်ကူးမှုနဲ့ ဖမ်းဆီးလိုက်ကြောင်း အရာရှိတွေက မနေ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ပြောပါတယ်။


ဂျနီဖာ အီရင် တဲလ်ဘော့ ဆိုသူ အမျိုးသမီးဟာ စက်တင်ဘာလ ၄ ရက်နေ့က ၆ ရက်သားအရွယ် ယောကျာ်းလေးကို သယ်ယူကာ လူဝင်မှု ကြီးကြပ်ရေးကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပေမယ့် လက်မှတ်ဖြတ်တဲ့ဂိတ်မှာ တားဆီး စစ်ဆေးခံခဲ့ရပါတယ်။ တဲလ်ဘော့ဟာ ကလေးငယ်နဲ့ ပတ်သက်လို့ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်၊ အစိုးရ ခွင့်ပြုချက် တစ်ခုမှ မပြနိုင်ခဲ့ပါဘူး။ သူဟာ အမေရိကန်နိုင်ငံ၊ ယူတာ့ပြည်နယ်မှာ နေထိုင်သူ ဖြစ်ပါတယ်။


တဲလ်ဘော့ကို အမျိုးသားစုံစမ်းစစ်ဆေးရေး ဗြူရို (NBI) ဆီ ပို့ဆောင်ခဲ့ပြီး ကလေးငယ်ကို အစိုးရစောင့်ရှောက်ရေး ဂေဟာဆီ ပို့ဆောင်ထားပါတယ်။ တဲလ်ဘော့က မာရီခရစ် ဒူလပ်ဆိုသူ မိခင်ရဲ့ အမေရိကန်ကို ခေါ်သွားရေး သဘောတူညီချက်နဲ့ ခေါ်ဆောင်လာတာလို့ ပြောပေမယ့် မိခင်ဖြစ်သူက လက်မှတ်ရေးထိုးပေးထားခြင်း မရှိပါဘူး။