
0
40




စပိန်အသင်း သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားသူဖြစ်လာတဲ့ ရာမို့စ်


စပိန် အသင်းခေါင်းဆောင် ရာမို့စ်ဟာ စပိန် ဘောလုံးအသင်း သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားထားတဲ့ ဂိုးသမား ကားဆီးလက်စ်ရဲ့ စံချိန်ကို မီသွားပြီ ဖြစ်ပါတယ်။


ရာမို့စ်ဟာ မနေ့က ဖာရိုကျွန်းစုနဲ့ ကစားတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ စပိန်အတွက် ပါဝင် ကစားခွင့်ရလို့ လက်ရွေးစင်အတွက် ပွဲပေါင်း ၁၆၇ ပွဲ ကစားတဲ့စံချိန်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ရာမို့စ်ဟာ စပိန် အသင်းအတွက် ၂၀ဝ၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာ ပွဲဦးထွက် စတင်ပါဝင် ကစားခဲ့ပြီး စပိန်လက်ရွေးစင် အသင်းကို ချန်ပီယံဆုတွေ ရယူနိုင်အောင် ကူညီပေးခဲ့ပါတယ်။


ရာမို့စ်ဟာ စပိန်အသင်းနဲ့အတူ ကမာ့္ဘဖလား ချန်ပီယံဆု၊ ယူရို ချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူဖြစ်ပြီး ဝါရင့်နောက်ခံလူ တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။