
0
135







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေကို ဥပဒေအရ အရေးယူမှုတွေ မရှိသေး

စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေကို ဥပဒေအရ အပြစ်ပေး အရေး ယူမှုတွေ မရှိသေးဘူးလို့ ကိုယ်စားလှယ်လောင်း ဦးဝင်းချိုက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုး ကတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ အမှိုက်မပစ်ရဘူးဆိုတဲ့ ဆိုင်းဘုတ်တွေချိတ်ပြီး တားမြစ်ထားပေမဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူတာတွေ ၊ အပြစ်ပေးတာတွေ အားနည်းနေတယ်လို့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ဦးဝင်းချိုက ဝေဖန်ပြောဆိုလိုက်ပါတယ်။
ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်မြေ (၃) က ကိုယ်စားလှယ်လောင်းတွေ မြူနီစပယ်ဒီဘိတ် ပြုလုပ်တဲ့ပွဲမှာ ပြောဆိုခဲ့တာပါ။

Sound Bite – ဦးဝင်းချို (ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း)

ဒါ့အပြင် အမှိုက်ကောက်တဲ့ လှုပ်ရှားမှုတွေထက် အမှိုက်ကောက်စရာမလိုအောင် အစကတည်းက အမှိုက်မပစ်ဖို့ဆိုတဲ့ လှုပ်ရှားမှုက ပိုအရေးကြီးတယ်လို့လည်း ပြောပါတယ်။

Sound Bite – ဦးဝင်းချို (ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း)

လာမယ့် မတ်လ ၃၁ မှာ ကျင်းပမယ့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ဦးဝင်းချိုက မဲဆန္ဒနယ်မြေ (၃)မှာ ဦးအောင်ခန့်၊ ဦးခင်လှိုင်(ဇောတိက)၊ ဦးလက်သင်း၊ ဦးမြင့်ကြည် တို့အပါအဝင် တစ်ခြားသော ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်ခင်းဗျား။