စည္ပင္ ေရြးေကာက္ပြဲမွာ လူငယ္ေတြ ပါဝင္မဲေပးႏိုင္ဖို႔ ပညာေပး လႈံ႔ေဆာ္မႈေတြ လုပ္မယ္

0
334

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ အဆင့္ဆင့္ ေရြးေကာက္ပြဲမွာ လူငယ္ေတြပါ၀င္မဲေပးနုိင္ဖုိ႕ တကၠသုိလ္ေက်ာင္းေတြမွာ ပညာေပးလႈံ႕ေဆာ္မႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးကေပးပုိ႔ ထားပါတယ္။

၂၀၁၄ ခုႏွစ္ ျပဳလုပ္ခဲ႔တဲ႔ ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေရြးေကာက္ပြဲမွာ အိမ္ေထာင္စု တစ္စုမွာ တစ္ဦးသာမဲေပးခြင္႔ရခဲ႔တာျဖစ္တာေၾကာင္႔ လူငယ္ေတြအေနနဲ႔ စည္ပင္ေရြးေကာက္ပြဲကုိ မဲေပးရ မယ္ဆုိတာကုိ မသိရွိခဲ႔တာလည္းျဖစ္ပါတယ္။

အဲဒါေၾကာင့္ ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ အဆင့္ဆင့္ ေရြးေကာက္ပြဲမွာ လူငယ္ေတြ ပါ၀င္မဲေပး နုိင္ဖုိ႔ တကၠသုိလ္ေက်ာင္းေတြမွာ ပညာေပးလႈံ႕ေဆာ္တာေတြ ျပဳလုပ္သြားမွာ ျဖစ္တယ္လုိ New Myanmar Foundation ေျပာပါတယ္။

လူငယ္ေတြပါ၀င္မဲေပးနုိင္ဖ႔ုိ ပညာေပးလႈံ႕ေဆာ္မႈကုိ ရန္ကုန္တကၠသုိလ္၊ ဒဂုံတကၠသုိလ္၊ စီးပြားေရးတကၠသုိလ္ ေက်ာင္းေတြအျပင္ ရပ္ကြက္ေတြမွာလည္း လက္ကမ္းစာေစာင္႔ျဖန္႔ေ၀တာေတြနဲ႔ အသိပညာေပးလႈံ႕ေဆာ္ မႈေတြ ျပဳလုပ္ သြားမွာ ျဖစ္ပါတယ္။

Sound Bite ေဒၚျမနႏၵာသင္း (ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ အဆင့္ဆင့္ ေရြးေကာက္ပြဲ အၾကံေပး)
New Myanmar Foundation

ဒါ့အျပင္ ေက်ာင္းသားေတြကုိ အသိပညာေပးလုပ္တဲ႔အခါမွာ စိတ္၀င္းစားမႈ အားနည္းတာေတြရွိေနျပီး လူငယ္ေတြ စိတ္၀င္စားလာတဲ႕ အထိလုပ္ေဆာင္သြားမွာျဖစ္တယ္လုိ ေရြးေကာက္ပြဲ ေစာင္႔ၾကည္႔ေလ႔လာေရး ဗဟုိေကာ္မတီ၀င္ကေျပာပါတယ္။

Sound Bite ေက်ာ္ဇင္ခန္႕ (ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ အဆင့္ဆင့္ ေရြးေကာက္ပြဲ ေစာင္႔ၾကည္႔ေလ႔လာ ေရးဗဟုိေကာ္မတီ၀င္)
New Myanmar Foundation

ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာေကာ္မတီ၀င္ ေရြးေကာက္ပြဲကုိ လာမယ့္ မတ္လ ၃၁ ရက္ေန႕မွာ ရန္ကုန္ၿမဳိ႔ ၃၃ ၿမဳိ႕နယ္မွာ က်င္းပသြားမွာျဖစ္ပါတယ္ရွင္။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲမှာ လူငယ်တွေပါဝင်မဲပေးနိုင်ဖို့ တက္ကသိုလ်ကျောင်းတွေမှာ ပညာပေးလှုံ့ဆော်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးကပေးပို့ ထားပါတယ်။

၂၀၁၄ ခုနှစ် ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ အိမ်ထောင်စု တစ်စုမှာ တစ်ဦးသာမဲပေးခွင့်ရခဲ့တာဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ စည်ပင်ရွေးကောက်ပွဲကို မဲပေးရ မယ်ဆိုတာကို မသိရှိခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲမှာ လူငယ်တွေ ပါဝင်မဲပေး နိုင်ဖို့ တက္ကသိုလ်ကျောင်းတွေမှာ ပညာပေးလှုံ့ဆော်တာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို New Myanmar Foundation ပြောပါတယ်။

လူငယ်တွေပါဝင်မဲပေးနိုင်ဖို့ ပညာပေးလှုံ့ဆော်မှုကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် ကျောင်းတွေအပြင် ရပ်ကွက်တွေမှာလည်း လက်ကမ်းစာစောင့်ဖြန့်ဝေတာတွေနဲ့ အသိပညာပေးလှုံ့ဆော် မှုတွေ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

Sound Bite ဒေါ်မြနန္ဒာသင်း (ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ အကြံပေး)
New Myanmar Foundation

ဒါ့အပြင် ကျောင်းသားတွေကို အသိပညာပေးလုပ်တဲ့အခါမှာ စိတ်ဝင်းစားမှု အားနည်းတာတွေရှိနေပြီး လူငယ်တွေ စိတ်ဝင်စားလာတဲ့ အထိလုပ်ဆောင်သွားမှာဖြစ်တယ်လို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ဗဟိုကော်မတီဝင်ကပြောပါတယ်။

Sound Bite ကျော်ဇင်ခန့် (ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးဗဟိုကော်မတီဝင်)
New Myanmar Foundation

ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီဝင် ရွေးကောက်ပွဲကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ရန်ကုန်မြို့ ၃၃ မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်ရှင်။