
0
53




စစ်ဘေးရှောင်သရုပ်ဖော်ပွဲ ဦးဆောင်သူနှစ်ဦးကို ပြစ်ဒဏ်ချမှတ်မှု မကျေနပ်လို့ ဆန္ဒထုတ်ဖော်


စစ်​​ရှောင်​ဒုက္ခသည်​တွေရဲ့ ဘဝမှန်​​တေးသရုပ်​​ဖော်ပွဲ ဦး​ဆောင်​သူနှစ်​ဦးကို ​ထောင်​ဒဏ်​ ၁၅ ရက်​ ပြစ်​ဒဏ်​ ချမှတ်​ခဲ့တဲ့အတွက် မကျေနပ်လို့ မြစ်ကြီးနားမြို့မှာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ ဒီကနေ့ မြစ်ကြီးနားမြို့မှာ လူဦး​ရေ ရာနဲ့ချီပြီး ကန်​့ကွက်​ဆန္ဒ​ဖော်​ထုတ်​နေတာပါ။


ဇွန်လ (၉)ရက်နေ့က မြစ်ကြီးနားမြို့ပေါ်မှာ ကချင်ဒေသစစ်ပွဲ ရှစ်နှစ်ပြည့် အထိမ်းအမှတ် လမ်းဘေး သရုပ်ပြတင်ဆက်ကပြမှုမှာ ဦးဆောင်ပါဝင်ခဲ့လို့ ကချင်လူငယ် ကိုပေါလုနှင်​့ မဆိုင်​းနုပန်​တို့ကို ငြိမ်းစုစီပုဒ်(၁၉)နဲ့ တရားစွဲဆိုခဲ့ပြီ စက်​တင်​ဘာ ၂ ရက်​​နေ့မှာ ငွေဒဏ်သုံးသောင်းစီဆောင်ဖို့နဲ့ ငွေဒဏ် မဆောင်ရင် ထောင်(၁၅)ရက်စီ ကျခံဖို့ အမိန့်ချမှတ်ခဲ့တာပါ။