စစ္ေဘးဒုကၡသည္ ၁၆၀၀၀ ခန္႔ ေရေဘးႀကံဳေနရ

0
78

ရခိုင္ျပည္နယ္အတြင္း မိုးသည္ထန္စြာ ရြာသြန္းေနတဲ့အတြက္ ျမစ္ေရျမင့္တက္မႈက စိုးရိမ္ေရမွတ္ထက္ ေက်ာ္လြန္ေနၿပီး ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပား ၿမိဳ႕နယ္ သံုးၿမိဳ႕နယ္အတြင္းမွာ ေရႀကီးမႈေတြျဖစ္ပြား ေနပါတယ္။

အခုလို ေရႀကီးနစ္ျမဳပ္မႈေတြ ျဖစ္ပြားေနတဲ့အတြက္ အဲ့ဒီၿမိဳ႕နယ္ေတြမွာရွိတဲ့ စစ္ေဘးေရွာင္ ကယ္ဆယ္ေရး စခန္းေတြပါ နစ္ျမဳပ္ေနတာေၾကာင့္ ဒုကၡသည္ေပါင္း ၁၆၀၀၀ ခန္႔ဟာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ရခုိင္မ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး (REC) ရဲ႕ အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္အတြင္းက အႀကီးဆံုး ကယ္ဆယ္ေရးစခန္းေတြျဖစ္တဲ့ ေလးၿမိဳ႕ျမစ္ အထက္ပိုင္းက သေဘၤာကိုင္း ဒုကၡသည္စခန္းနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ ေျမာက္ပိုင္းေဒသက တိမ္ညိဳကယ္ ဒုကၡသည္စခန္းေတြမွာ လူဦးေရ ၃၀၀၀ နီးပါး ေနထိုင္ေနၾကတာျဖစ္ၿပီး အဲ့ဒီဒုကၡသည္ေတြကို ေနရာေျပာင္းေရႊ႕ ထားရတယ္လို႔ စန္းတာဝန္ရွိသူေတြက ေျပာပါတယ္။

ေျမာက္ဦးနဲ႔ မင္းျပားၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ သံုးရက္ေလာက္ကေန ဒုကၡသည္စခန္းေတြ ေရနစ္ျမဳပ္ခဲ့တာျဖစ္ၿပီး ဒီကေန႔မွာေတာ့ ယိုးေခ်ာင္းေရ ျမင့္တက္လာေနတာေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္းက ကန္ေဇာက္ ဒုကၡသည္စခန္းနဲ႔ ေတာင္မင္းကုလား ဒုကၡသည္စခန္းေတြကိုလည္း ေရစတင္ဝင္ေရာက္ေနၿပီျဖစ္တယ္လို႔ ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနကလည္း ရခုိင္ျပည္နယ္အတြင္းက ေလးၿမိိဳ႕ျမစ္နဲ႔ ကုလားတန္ျမစ္ေရဟာ စိုးရိမ္ေရမွတ္ ေက်ာ္လြန္ေနၿပီး ေနာက္ႏွစ္ရက္အတြင္း ေရတစ္ေပခန္႔ ျမင့္တက္လာႏုိင္ေၾကာင္းနဲ႔ ျမစ္ကမ္းနံေဘးနဲ႔ ေျမနိမ့္ပိုင္းေနရာေတြမွာ ေနထုိင္ၾကသူေတြအေနနဲ႔ အထူးသတိျပဳေနထုိင္ၾကဖုိ႔ ထုတ္ျပန္ထားတာပါတယ္။

စစ်ဘေးဒုက္ခသည် ၁၆၀ဝ၀ ခန့် ရေဘေးကြုံနေရ


ရခိုင်ပြည်နယ်အတွင်း မိုးသည်ထန်စွာ ရွာသွန်းနေတဲ့အတွက် မြစ်ရေမြင့်တက်မှုက စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား မြို့နယ် သုံးမြို့နယ်အတွင်းမှာ ရေကြီးမှုတွေဖြစ်ပွား နေပါတယ်။


အခုလို ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းတွေပါ နစ်မြုပ်နေတာကြောင့် ဒုက္ခသည်ပေါင်း ၁၆၀ဝ၀ ခန့်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်မျိုးနွယ်စုများ အစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

မြောက်ဦးမြို့နယ်အတွင်းက အကြီးဆုံး ကယ်ဆယ်ရေးစခန်းတွေဖြစ်တဲ့ လေးမြို့မြစ် အထက်ပိုင်းက သင်္ဘောကိုင်း ဒုက္ခသည်စခန်းနဲ့ မြောက်ဦးမြို့နယ် မြောက်ပိုင်းဒေသက တိမ်ညိုကယ် ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ၃၀ဝ၀ နီးပါး နေထိုင်နေကြတာဖြစ်ပြီး အဲ့ဒီဒုက္ခသည်တွေကို နေရာပြောင်းရွှေ့ ထားရတယ်လို့ စန်းတာဝန်ရှိသူတွေက ပြောပါတယ်။


မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သုံးရက်လောက်ကနေ ဒုက္ခသည်စခန်းတွေ ရေနစ်မြုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ယိုးချောင်းရေ မြင့်တက်လာနေတာကြောင့် ကျောက်တော်မြို့နယ် အတွင်းက ကန်ဇောက် ဒုက္ခသည်စခန်းနဲ့ တောင်မင်းကုလား ဒုက္ခသည်စခန်းတွေကိုလည်း ရေစတင်ဝင်ရောက်နေပြီဖြစ်တယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။


မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း ရခိုင်ပြည်နယ်အတွင်းက လေးမြို့မြစ်နဲ့ ကုလားတန်မြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း ရေတစ်ပေခန့် မြင့်တက်လာနိုင်ကြောင်းနဲ့ မြစ်ကမ်းနံဘေးနဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ နေထိုင်ကြသူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ ထုတ်ပြန်ထားတာပါတယ်။