စစ္ေတြၿမိဳ႕ အမွတ္ ၁ ရဲစခန္းက ေစ်းဆိုင္ေတြဖယ္႐ွားလိုက္လို႔ ဆုိင္႐ွင္ေတြ အခက္ေတြ႕

0
176

စစ္ေတြၿမိိဳ႕ အမွတ္ ၁ ရဲစခန္းက ေဈးဆိုင္ခန္းေတြကို ဖယ္ရွားလိုက္တဲ့အတြက္ ေဈးဆိုင္ပိုင္ရွင္ေတြ အခက္အခဲနဲ႔ႀကံဳေန ၾကရပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕လယ္ အမွတ္ ၁ ရဲစခန္းအနီးက ေဈးဆိုင္ခန္းေတြကို ဇြန္လ ၁၅ ရက္ေန႔မွာ ရဲတပ္ဖြဲ႔က ဖယ္ရွားခိုင္းခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနရာမွာ ေဈးဆိုင္ခန္းေပါင္း ၇၆ ခန္းေလာက္ရွိၿပီး ေရာင္းခ်ေနၾကတဲ့ဆိုင္ခန္းေတြ အခုလိုဖယ္ရွားခံလိုက္ရတဲ့အတြက္ အခက္အခဲနဲ႔ရင္ဆိုင္ႀကံဳေတြ႔ေနၾကရသလို စီးပြားေရးလုပ္ငန္းေတြကို ရပ္တန္႔ထားၾကရတယ္လို႔ အဲဒီဆိုင္ခန္းေတြမွာ ေစ်းေရာင္းခ်ေနသူေတြက ေျပာပါတယ္။

အင္တာဗ်ဴး – ဦးစိုးႏုိင္ (လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္)
ရဲစခန္းယာဘက္ေဈးဆိုင္တန္း

ဒါ့အျပင္ ေဈးဆိုင္ခန္းေတြကို ရုတ္တရက္ၿဖိဳဖ်က္လိုက္ရတဲ့အတြက္ ဆိုင္ခန္းပိုင္ရွင္ေတြအျပင္ အဲ့ဒီဆိုင္ေတြမွာ အလုပ္လုပ္ကိုင္ေနၾကသူ တစ္ေထာင္ဝန္းေက်ာ္ေလာက္ဟာ အလုပ္လက္မဲ့ျဖစ္ခဲ့ရၿပီး စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျပာပါတယ္။

အင္တာဗ်ဴး – ေဒၚမႏု (ေရႊပန္းထိမ္ဆိုင္)
ရဲစခန္းယာဘက္ေဈးဆိုင္တန္း

ရဲတပ္ဖြဲ႔ကေတာ့ စခန္းလံုၿခံဳးေရးအတြက္ ေဆာင္ရြက္စရာေတြရွိေနတာေၾကာင့္ အဲ့ဒီဆိုင္ခန္းေတြကို ဖယ္ရွားခဲ့ရတာျဖစ္တယ္လို႔ ေျပာပါတယ္။ ေစ်းေရာင္းခ်သူေတြအေနနဲ႔ အဲ့ဒီေနရာက မေရႊ႕ေျပာင္းခင္ အစားထိုးဆိုင္ခန္းေတြေဆာက္လုပ္ဖုိ႔ ေျမေနရာရရွိေရးအတြက္ ေဆာင္ရြက္ေနတဲ့အခ်ိန္မွာ အခုလိုဖယ္ရွားခံလိုက္ရလည္းျဖစ္ပါတယ္ ခင္ဗ်ား။

စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက ဈေးဆိုင်ခန်းတွေကို ဖယ်ရှားလိုက်တဲ့အတွက် ဈေးဆိုင်ပိုင်ရှင်တွေ အခက်အခဲနဲ့ကြုံနေ ကြရပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။


ရခိုင်ပြည်နယ် စစ်တွေမြို့လယ် အမှတ် ၁ ရဲစခန်းအနီးက ဈေးဆိုင်ခန်းတွေကို ဇွန်လ ၁၅ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ ဈေးဆိုင်ခန်းပေါင်း ၇၆ ခန်းလောက်ရှိပြီး ရောင်းချနေကြတဲ့ဆိုင်ခန်းတွေ အခုလိုဖယ်ရှားခံလိုက်ရတဲ့အတွက် အခက်အခဲနဲ့ရင်ဆိုင်ကြုံတွေ့နေကြရသလို စီးပွားရေးလုပ်ငန်းတွေကို ရပ်တန့်ထားကြရတယ်လို့ အဲဒီဆိုင်ခန်းတွေမှာ ဈေးရောင်းချနေသူတွေက ပြောပါတယ်။

အင်တာဗျူး – ဦးစိုးနိုင် (လျှပ်စစ်ပစ္စည်းအရောင်းဆိုင်)
ရဲစခန်းယာဘက်ဈေးဆိုင်တန်း

ဒါ့အပြင် ဈေးဆိုင်ခန်းတွေကို ရုတ်တရက်ဖြိုဖျက်လိုက်ရတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေအပြင် အဲ့ဒီဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေကြသူ တစ်ထောင်ဝန်းကျော်လောက်ဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

အင်တာဗျူး – ဒေါ်မနု (ရွှေပန်းထိမ်ဆိုင်)
ရဲစခန်းယာဘက်ဈေးဆိုင်တန်း

ရဲတပ်ဖွဲ့ကတော့ စခန်းလုံခြုံးရေးအတွက် ဆောင်ရွက်စရာတွေရှိနေတာကြောင့် အဲ့ဒီဆိုင်ခန်းတွေကို ဖယ်ရှားခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ ဈေးရောင်းချသူတွေအနေနဲ့ အဲ့ဒီနေရာက မရွှေ့ပြောင်းခင် အစားထိုးဆိုင်ခန်းတွေဆောက်လုပ်ဖို့ မြေနေရာရရှိရေးအတွက် ဆောင်ရွက်နေတဲ့အချိန်မှာ အခုလိုဖယ်ရှားခံလိုက်ရလည်းဖြစ်ပါတယ် ခင်ဗျား။