စစ္ေတြၿမိဳ႕ အထက (၄) ေက်ာင္းအုပ္ဆရာႀကီးကို ေက်ာင္းသားေဟာင္းေတြဂုဏ္ျပဳဆုေပးအပ္

0
324

ရခိုင္ျပည္နယ္မွာ သံုးႏွစ္ဆက္တိုက္ ေအာင္ခ်က္ရာခိုင္ႏႈန္း အေကာင္းဆံုးျဖစ္တဲ့ စစ္ေတြၿမိဳ႕ အထက (၄) ေက်ာင္းအုပ္ ဆရာႀကီးကို ေက်ာင္းသားေဟာင္းေတြက ဂုဏ္ျပဳဆုေပးအပ္ခဲ့ၾကပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ ၅၃ ရာခိုင္ႏႈန္းနီးပါးေအာင္ျမင္ခဲ့ၿပီး ရခိုင္ျပည္နယ္ အတြင္းမွာ ေအာင္ခ်က္အေကာင္းဆံုးေက်ာင္းအျဖစ္ သံုးႏွစ္ဆက္တိုက္ရွိေနတဲ့ စစ္ေတြၿမိဳ႕ အမွတ္ ၄ အေျခခံပညာအထက္တန္းေက်ာင္းက ေက်ာင္းအုပ္ဆရာႀကီးကို ေက်ာင္းသားေဟာင္းေတြက ဇြန္လ ၁၆ ရက္ မေန႔က ဂုဏ္ျပဳဆုခ်ီးျမွင့္ခဲ့ၾကပါတယ္။

စစ္ေတြၿမိဳ႕ အမွတ္ ၄ အေျခခံပညာအထက္တန္းေက်ာင္းဟာ အရင္က အခုလို ေအာင္ခ်က္ေကာင္းတဲ့ ေက်ာင္းမဟုတ္ေပမယ့္ လက္ရွိေက်ာင္းအုပ္ဆရာႀကီး တာဝန္စယူတဲ့ ေလးႏွစ္တာကာလအတြင္းမွာ သံုးႏွစ္ဆက္တုိက္ရရွိခဲ့တာပါ။

ေက်ာင္းသားေတြ ေအာင္ခ်က္ေကာင္းလာဖုိ႔အတြက္ ဆရာဆရာမေတြရဲ႕ သင္ၾကားေပးမႈစနစ္ေတြနဲ႔ ေက်ာင္းသားေတြကို ထိန္းကြပ္မႈစနစ္ေတြကို ေျပာင္းလဲခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ေက်ာင္းအုပ္ ဆရာႀကီးကေျပာပါတယ္။

အင္တာဗ်ဴး – ဦးဝင္းေမာင္ (ေက်ာင္းအုပ္ဆရာႀကီး)

    အမွတ္ ၄ အေျခခံပညာအထက္တန္းေက်ာင္း (စစ္ေတြၿမိဳ႕)

ေက်ာင္းသားေတြကို ပညာသင္ၾကားတဲ့အခါ မူဝါဒေတြနဲ႔ လိုက္ေလ်ာညီေထြတဲ့ စနစ္ေတြနဲ႔ သင္ၾကားေပးဖုိ႔လိုအပ္သလို မိဘ၊ ဆရာ၊ ေက်ာင္းသားအၾကား ပူးေပါင္းေဆာင္ရြက္မႈေတြ အားေကာင္းလို႔ရွိရင္ ေအာင္ျမင္တဲ့ပညာေရး စနစ္တစ္ခု ျဖစ္လာမွာျဖစ္တယ္လို႔ ေက်ာင္းသားေဟာင္းေတြက ေျပာပါတယ္။

အင္တာဗ်ဴး – ဦးေဇာ္ေဇာ္ျမင့္ (ေက်ာင္းသားဟာင္း)

    ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကို္ယ္စားလွယ္

ဒါ့အျပင္ အမွတ္ ၄ အေျခခံပညာအထက္တန္းေက်ာင္းကို ဆရာႀကီးဦးဝင္းေမာင္အေနနဲ႔ ေက်ာင္းအုပ္အျဖစ္ တာဝန္စယူတဲ့ ေနာက္ပို္င္းမွာ စာရိတၱပ်က္ျပားတဲ့ေက်ာင္းသားေတြရွိခဲ့ၿပီး အဲ့ဒီေက်ာင္းသားေတြကို မိဘေတြဆီ ျပန္လည္အပ္ႏွံမႈေတြ လည္း ျပဳလုပ္ခဲ့ရတယ္လို႔ ဆရာႀကီးက ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

ရခိုင်ပြည်နယ်မှာ သုံးနှစ်ဆက်တိုက် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြစ်တဲ့ စစ်တွေမြို့ အထက (၄) ကျောင်းအုပ် ဆရာကြီးကို ကျောင်းသားဟောင်းတွေက ဂုဏ်ပြုဆုပေးအပ်ခဲ့ကြပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၅၃ ရာခိုင်နှုန်းနီးပါးအောင်မြင်ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်းမှာ အောင်ချက်အကောင်းဆုံးကျောင်းအဖြစ် သုံးနှစ်ဆက်တိုက်ရှိနေတဲ့ စစ်တွေမြို့ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီးကို ကျောင်းသားဟောင်းတွေက ဇွန်လ ၁၆ ရက် မနေ့က ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြပါတယ်။


စစ်တွေမြို့ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းဟာ အရင်က အခုလို အောင်ချက်ကောင်းတဲ့ ကျောင်းမဟုတ်ပေမယ့် လက်ရှိကျောင်းအုပ်ဆရာကြီး တာဝန်စယူတဲ့ လေးနှစ်တာကာလအတွင်းမှာ သုံးနှစ်ဆက်တိုက်ရရှိခဲ့တာပါ။


ကျောင်းသားတွေ အောင်ချက်ကောင်းလာဖို့အတွက် ဆရာဆရာမတွေရဲ့ သင်ကြားပေးမှုစနစ်တွေနဲ့ ကျောင်းသားတွေကို ထိန်းကွပ်မှုစနစ်တွေကို ပြောင်းလဲခဲ့တာကြောင့်ဖြစ်တယ်လို့ ကျောင်းအုပ် ဆရာကြီးကပြောပါတယ်။


အင်တာဗျူး – ဦးဝင်းမောင် (ကျောင်းအုပ်ဆရာကြီး)
အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း (စစ်တွေမြို့)


ကျောင်းသားတွေကို ပညာသင်ကြားတဲ့အခါ မူဝါဒတွေနဲ့ လိုက်လျောညီထွေတဲ့ စနစ်တွေနဲ့ သင်ကြားပေးဖို့လိုအပ်သလို မိဘ၊ ဆရာ၊ ကျောင်းသားအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလို့ရှိရင် အောင်မြင်တဲ့ပညာရေး စနစ်တစ်ခု ဖြစ်လာမှာဖြစ်တယ်လို့ ကျောင်းသားဟောင်းတွေက ပြောပါတယ်။


အင်တာဗျူး – ဦးဇော်ဇော်မြင့် (ကျောင်းသားဟာင်း)
ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိ်ုယ်စားလှယ်


ဒါ့အပြင် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းကို ဆရာကြီးဦးဝင်းမောင်အနေနဲ့ ကျောင်းအုပ်အဖြစ် တာဝန်စယူတဲ့ နောက်ပိ်ုင်းမှာ စာရိတ္တပျက်ပြားတဲ့ကျောင်းသားတွေရှိခဲ့ပြီး အဲ့ဒီကျောင်းသားတွေကို မိဘတွေဆီ ပြန်လည်အပ်နှံမှုတွေ လည်း ပြုလုပ်ခဲ့ရတယ်လို့ ဆရာကြီးက ပြောကြားခဲ့ပါတယ် ခင်ဗျား။