စစ္ေတြျမိဳ႕ျပစီမံကိန္းေၾကာင့္ လက္ခက္သမၺန္သမားေတြ အခက္ၾကံဳ ( ႐ုပ္/သံ)

0
858

စစ္ေတြၿမိဳ႕ျပေျမယာစီမံကိန္းေၾကာင့္ စစ္ေတြၿမိဳ႕မေဈးကိုမွီခိုေနၾကတဲ့ လက္ခတ္သမၺန္သမားေတြ အခက္အခဲ႐ွိေနၾက ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထား ပါတယ္။

စစ္ေတြၿမိဳ႕မွာ ရခုိင္ျပည္နယ္အစိုးရက အေကာင္အထည္ေဖာ္ေဆာင္ေနတဲ့ ၿမိဳ႕ျပအိမ္ယာေဖာ္ေဆာင္ေရးစီမံကိန္းေၾကာင့္ ကုလားတန္ျမစ္အတြင္းမွာ လုပ္ကိုင္စားေသာက္ေနၾကတဲ့ လတ္ခတ္ေလွသမားေတြဟာ အခက္အခဲ နဲ႔ ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။ စီမံကိန္းအတြင္း ျမစ္ကမ္း တစ္ေလွ်ာက္ကို ေျမဖို႔လိုက္တဲ့အတြက္ သမၺန္သမားေတြဆိုက္ကပ္ျပီး ကုန္တင္ ကုန္ခ်ျပဳလုပ္တဲ႔ေနရာေတြ ေပ်ာက္ဆံုးသြားခဲ့တာျဖစ္ပါတယ္။
အဲဒီလိုအခက္အခဲနဲ႔ ရင္ဆိုင္ႀကံဳေတြ႔ေနၾကရတာနဲ႔ပတ္သက္လို႔ ဆတ္႐ိုးက်ရပ္ကြက္က လက္ခတ္ေလွသမားေတြဟာ မေန႔ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔မွာ သတင္းစာ႐ွင္းလင္းခဲ႔ၾကတာပါ ။

Soundbite – ဦးနီလွေတာင္ (လက္ခတ္သမၺန္သည္) ဆတ္႐ိုးက်ရပ္ကြက္

အရင္ကဆိုရင္ ကုလားတန္ျမစ္ကမ္းမွာ ကုန္တင္ကုန္ခ်အလုပ္ေတြကို လြတ္လပ္စြာလုပ္ကိုင္ခဲ့ၾကရေပမယ့္ အခုေျမဖို႔ လိုက္တဲ့ေနာက္ပုိင္းမွာေတာ့ အလြယ္တကူကမ္းကတ္လို႔မရႏုိင္ေတာ့တဲ့အတြက္ ေလွတစ္စီးရဲ႕တစ္ေန႔လုပ္အား ၅၀ ရာခိုင္ႏႈန္းေလာက္ကို က်ဆင္းခဲ့ရတယ္လို႔ ေလွခတ္သမားေတြက ေျပာပါတယ္။

Soundbite – ဦးေဝသာထြန္း(လက္ခတ္သမၺန္သည္) ဆတ္႐ိုးက်ရပ္ကြက္

ဒါ့အျပင္ အဲဒီေျမယာေဖာ္ေဆာင္ေရးစီမံကိန္းေၾကာင့္ ေန႔စားအလုပ္အသမားေတြအျပင္ ကုလားတန္ျမစ္ေၾကာင္းကို မွီခိုလုပ္ကိုင္ေနၾကတဲ့့ ကုန္သည္ေတြနဲ႔ ေရထြက္ပစၥည္းအေရာင္းအဝယ္ ဒိုင္ေတြအတြက္လည္း အခက္ႀကံဳေတြေနတာပါ ။

Soundbite -ဦးေစာလွ (လုပ္ငန္း႐ွင္) မိဇံရပ္ကြက္

အရင္က ကုလားတန္ျမစ္ျပင္အတြင္းမွာ လတ္ခတ္ေလွေတြနဲဲ႔ လုပ္ကိုင္စားေသာက္ေနၾကတဲ့ ေလွသမားေပါင္း ၃၀၀ ေက်ာ္႐ွိခဲ့ေပမယ့္ စီမံကိန္းေၾကာင့္ ေန႔တြက္မကိုက္ျဖစ္လာခဲ့တဲ့အတြက္ ေလွသမားတခ်ိဳ႕တို႔ဟာ အဲဒီလုပ္ငန္းကို စြန္႔လႊတ္ခဲ့ၾကရၿပီး အခုအခါမွာေတာ့ ၂၀၀ ဝန္းက်င္ပဲ က်န္႐ွိေတာ့တာျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့ပြမြေယာစီမံကိန်းကြောင့် စစ်တွေမြို့မဈေးကိုမှီခိုနေကြတဲ့ လက်ခတ်သမ္ဗန်သမားတွေ အခက်အခဲရှိနေကြ ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထား ပါတယ်။

စစ်တွေမြို့မှာ ရခိုင်ပြည်နယ်အစိုးရက အကောင်အထည်ဖော်ဆောင်နေတဲ့ မြို့ပြအိမ်ယာဖော်ဆောင်ရေးစီမံကိန်းကြောင့် ကုလားတန်မြစ်အတွင်းမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လတ်ခတ်လှေသမားတွေဟာ အခက်အခဲ နဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ စီမံကိန်းအတွင်း မြစ်ကမ်း တစ်လျှောက်ကို မြေဖို့လိုက်တဲ့အတွက် သမ္ဗန်သမားတွေဆိုက်ကပ်ပြီး ကုန်တင် ကုန်ချပြုလုပ်တဲ့နေရာတွေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီလိုအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာနဲ့ပတ်သက်လို့ ဆတ်ရိုးကျရပ်ကွက်က လက်ခတ်လှေသမားတွေဟာ မနေ့ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သတင်းစာရှင်းလင်းခဲ့ကြတာပါ ။

Soundbite – ဦးနီလှတောင် (လက်ခတ်သမ္ဗန်သည်) ဆတ်ရိုးကျရပ်ကွက်

အရင်ကဆိုရင် ကုလားတန်မြစ်ကမ်းမှာ ကုန်တင်ကုန်ချအလုပ်တွေကို လွတ်လပ်စွာလုပ်ကိုင်ခဲ့ကြရပေမယ့် အခုမြေဖို့ လိုက်တဲ့နောက်ပိုင်းမှာတော့ အလွယ်တကူကမ်းကတ်လို့မရနိုင်တော့တဲ့အတွက် လှေတစ်စီးရဲ့တစ်နေ့လုပ်အား ၅၀ ရာခိုင်နှုန်းလောက်ကို ကျဆင်းခဲ့ရတယ်လို့ လှေခတ်သမားတွေက ပြောပါတယ်။

Soundbite – ဦးဝေသာထွန်း(လက်ခတ်သမ္ဗန်သည်) ဆတ်ရိုးကျရပ်ကွက်

ဒါ့အပြင် အဲဒီမြေယာဖော်ဆောင်ရေးစီမံကိန်းကြောင့် နေ့စားအလုပ်အသမားတွေအပြင် ကုလားတန်မြစ်ကြောင်းကို မှီခိုလုပ်ကိုင်နေကြတဲ့ ကုန်သည်တွေနဲ့ ရေထွက်ပစ္စည်းအရောင်းအဝယ် ဒိုင်တွေအတွက်လည်း အခက်ကြုံတွေနေတာပါ ။

Soundbite -ဦးစောလှ (လုပ်ငန်းရှင်) မိဇံရပ်ကွက်

အရင်က ကုလားတန်မြစ်ပြင်အတွင်းမှာ လတ်ခတ်လှေတွေနဲ့ လုပ်ကိုင်စားသောက်နေကြတဲ့ လှေသမားပေါင်း ၃၀ဝ ကျော်ရှိခဲ့ပေမယ့် စီမံကိန်းကြောင့် နေ့တွက်မကိုက်ဖြစ်လာခဲ့တဲ့အတွက် လှေသမားတချို့တို့ဟာ အဲဒီလုပ်ငန်းကို စွန့်လွှတ်ခဲ့ကြရပြီး အခုအခါမှာတော့ ၂၀ဝ ဝန်းကျင်ပဲ ကျန်ရှိတော့တာဖြစ်ပါတယ်ခင်ဗျာ ။