စစ္တပ္ကို ေဝဖန္တဲ့ ပါကစၥတန္ တက္ၾကြလႈပ္ရွားသူ အသတ္ခံရ

0
107

ပါကစၥတန္ ႏိုင္ငံေရးသမားေတြနဲ႔ ပါကစၥတန္ စစ္တပ္ကို အြန္လိုင္းမွာ ေဝဖန္ေလ့ရွိသူ တက္ၾကြလႈပ္ရွားသူတစ္ဦးကို အစၥလာမာဘတ္ ၿမိဳ႕အနီး သစ္ေတာထဲမွာ အသတ္ခံထားတာကို ေတြ႔ရွိရတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ဇြန္လ ၁၆ ရက္ေန႔ ညက တက္ၾကြလႈပ္ရွားသူလည္းျဖစ္ အလြတ္တန္း သတင္းေထာက္လည္း ျဖစ္တဲ့ မိုဟာမက္ မီလာ ခန္းဟာ အသတ္ခံခဲ့ရတာ ျဖစ္တယ္လို႔ ရဲအရာရွိက ေျပာပါတယ္။ အမည္မသိလူတစ္ဦးက မီလာခန္းနဲ႔ ညီအစ္ကို ဝမ္းကြဲတို႔ကို ကရာခ်ိကုပၼဏီအနီး လာလို႔ ဖုန္းဆက္ေခၚခဲ့ၿပီးေနာက္ ဓားနဲ႔ တိုက္ခိုက္ခံရတာလို႔ ရဲက ေျပာပါတယ္။

သူနဲ႔အတူလိုက္သြားတဲ့ ညီအစ္ကို ဝမ္းကြဲလည္း ဒဏ္ရာျပင္းထန္စြာ ရခဲ့ပါတယ္။ အသစ္ခန္႔အပ္လိုက္တဲ့ ေထာက္လွမ္းေရး အႀကီးအကဲသစ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဖာအစ္ ဟမ္အီးကို ခန္းက ျပင္းထန္စြာ ေဝဖန္ၿပီး နာရီအနည္းငယ္ အၾကာမွာ အခုလို အသတ္ခံရမႈ ျဖစ္ပြားခဲ့တာပါ။  

စစ်တပ်ကို ဝေဖန်တဲ့ ပါကစ္စတန် တက်ကြွလှုပ်ရှားသူ အသတ်ခံရ

ပါကစ္စတန် နိုင်ငံရေးသမားတွေနဲ့ ပါကစ္စတန် စစ်တပ်ကို အွန်လိုင်းမှာ ဝေဖန်လေ့ရှိသူ တက်ကြွလှုပ်ရှားသူတစ်ဦးကို အစ္စလာမာဘတ် မြို့အနီး သစ်တောထဲမှာ အသတ်ခံထားတာကို တွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဇွန်လ ၁၆ ရက်နေ့ ညက တက်ကြွလှုပ်ရှားသူလည်းဖြစ် အလွတ်တန်း သတင်းထောက်လည်း ဖြစ်တဲ့ မိုဟာမက် မီလာ ခန်းဟာ အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။ အမည်မသိလူတစ်ဦးက မီလာခန်းနဲ့ ညီအစ်ကို ဝမ်းကွဲတို့ကို ကရာချိကုပ္မဏီအနီး လာလို့ ဖုန်းဆက်ခေါ်ခဲ့ပြီးနောက် ဓားနဲ့ တိုက်ခိုက်ခံရတာလို့ ရဲက ပြောပါတယ်။

သူနဲ့အတူလိုက်သွားတဲ့ ညီအစ်ကို ဝမ်းကွဲလည်း ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။ အသစ်ခန့်အပ်လိုက်တဲ့ ထောက်လှမ်းရေး အကြီးအကဲသစ် ဒုတိယ ဗိုလ်ချုပ်ကြီး ဖာအစ် ဟမ်အီးကို ခန်းက ပြင်းထန်စွာ ဝေဖန်ပြီး နာရီအနည်းငယ် အကြာမှာ အခုလို အသတ်ခံရမှု ဖြစ်ပွားခဲ့တာပါ။