စင္ကာပူ ပထမဆံုး အမ်ိဳးသမီး သမၼတအျဖစ္ ဟာလီမာ ယာကြတ္ကို ေရြးခ်ယ္

0
178

စင္ကာပူႏိုင္ငံမွာ ပထမဆံုး အမ်ိဳးသမီး ဂုဏ္ထူးေဆာင္ သမၼတအျဖစ္ ဟာလီမာ ယာကြတ္ကို ေရြးခ်ယ္ ခန္႔လိုက္လိုက္ၿပီ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲနဲ႔ ေရြးခ်ယ္တာ မဟုတ္ဘဲ အသစ္ထပ္ၿပီး ခ်မွတ္ထားတဲ့ စံႏႈန္းေတြနဲ႔ မေန႔က စက္တင္ဘာ ၁၃ ရက္ေန႔မွာ ေရြးခ်ယ္ခန္႔အပ္တာ ျဖစ္ပါတယ္။ ဟာလီမာ ယာကြတ္ဟာ စင္ကာပူ ပါလီမန္ ဥကၠ႒ေဟာင္း ျဖစ္ၿပီး တျခားၿပိဳင္ဘက္ေတြက အရည္အခ်င္း မျပည့္မီဘူးဆိုၿပီး ဟာလီမာ ယာကြတ္တစ္ဦးတည္း ၿပိဳင္ဘက္မရွိ အေရြးခံရတာျဖစ္လို႔ ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

အသက္ ၆၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဟာလီမာ ယာကြတ္ဟာ မေလးလူနည္းစုထဲက ျဖစ္ၿပီး သမၼတ ၆ ႏွစ္သက္တမ္းကို ထမ္းေဆာင္မွာ ျဖစ္ပါတယ္။ ၿပိဳင္ဘက္ ၄ ဦးအနက္ ၂ ဦးက မေလးလူမ်ိဳး မဟုတ္တဲ့အတြက္နဲ႔ က်န္ ၂ ဦးက အရည္အခ်င္းသတ္မွတ္ခ်က္နဲ႔ မကိုက္ညီလို႔ အပယ္ခံရတာ ျဖစ္တယ္လို႔ ေရြးေကာက္ပြဲဌာနက ေၾကညာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စင်ကာပူ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ဟာလီမာ ယာကွတ်ကို ရွေးချယ်

စင်ကာပူနိုင်ငံမှာ ပထမဆုံး အမျိုးသမီး ဂုဏ်ထူးဆောင် သမ္မတအဖြစ် ဟာလီမာ ယာကွတ်ကို ရွေးချယ် ခန့်လိုက်လိုက်ပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ရွေးချယ်တာ မဟုတ်ဘဲ အသစ်ထပ်ပြီး ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ မနေ့က စက်တင်ဘာ ၁၃ ရက်နေ့မှာ ရွေးချယ်ခန့်အပ်တာ ဖြစ်ပါတယ်။ ဟာလီမာ ယာကွတ်ဟာ စင်ကာပူ ပါလီမန် ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး တခြားပြိုင်ဘက်တွေက အရည်အချင်း မပြည့်မီဘူးဆိုပြီး ဟာလီမာ ယာကွတ်တစ်ဦးတည်း ပြိုင်ဘက်မရှိ အရွေးခံရတာဖြစ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဟာလီမာ ယာကွတ်ဟာ မလေးလူနည်းစုထဲက ဖြစ်ပြီး သမ္မတ ၆ နှစ်သက်တမ်းကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ပြိုင်ဘက် ၄ ဦးအနက် ၂ ဦးက မလေးလူမျိုး မဟုတ်တဲ့အတွက်နဲ့ ကျန် ၂ ဦးက အရည်အချင်းသတ်မှတ်ချက်နဲ့ မကိုက်ညီလို့ အပယ်ခံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲဌာနက ကြေညာပါတယ်။