စင်ကာပူနိုင်ငံသား စိတ်ရောဂါသည်နာတာရှည် လူနာတစ်ဦးကို ထိုးနှက်တိုက်ခိုက်

0
372

စင်ကာပူနိုင်ငံသား စိတ်ရောဂါသည်နာတာရှည် လူနာတစ်ဦးကို ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ မြန်မာအမျိုးသားသူနာပြုတဦးကို မနေ့က စင်ကာပူတရားရုံးက ထောင်ဒဏ် ၁ နှစ်ချ မှတ်လိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် မြန်မာ အမျိုးသားသူနာပြု အောင်ဖြိုးသူဟာ အသက် ၅၆ နှစ်အရွယ် နာတာရှည် စိတ်ရောဂါသည် အမျိုးသား ကုန်အားဟိုး ကို အကြိမ်ပေါင်းများစွာ ထိုးနှုက်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ၀န်ခံခဲ့တာပါ။ ကုန်အာဟိုး ဟာ စိတ်ကျန်းမာရေးသိပ္ပံ ဆေးရုံမှာ ဆေးကုသမှု ခံယူနေသူဖြစ်ပြီး ကျောဘက် ၊ ဦးခေါင်း၊ ရင်ဘက်နဲ့ ခြေထောက်တွေကို ထိုးနှက်ကန်ကျေက်ာခံရတာကြောင့် နံရိုး ၂ချောင်းကျိုးသွားခဲ့ပြီး အတွင်းပိုင်းဒဏ်ရာတွေ လည်းရရှိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ မြန်မာသူနာပြု အောင်ဖြိုးသူအနေနဲ့ ကျင့်ဝတ်ချိုးဖောက်မှုကြောင့် ထောင်ဒဏ် ၁၂ လကျခံရမှာဖြစ်ပြီး သူနာပြုလိုင်စင်လည်း သိမ်းဆည်းခံရမှာပဲဖြစ်ပါတယ်။