စင်ကာပူရောက် မြန်မာများ စုပေါင်းပြီး ရိုးရာသင်္ကြန်ဆင်နွှဲကြဖို့ ဆော်သြ

0
252

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန် မတိုင်မီနဲ့ သင်္ကြန်ကာလအတွင်း ရေဆော့ကစားကြဖို့နဲ့ စတုဒီသာ ကျွေးမွေးလှူဒါန်းကြဖို့ ဖိတ်ခေါ်မှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။ ဒီလို ရေဆော့ကစားတာတွေအပြင် ဥပုပ်သီလ စောင့်တည်တာတွေ၊ သက်ကြီးပူဇော်တာလည်း ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကို အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ လုပ်ဆောင်ကြတာလည်းဖြစ်ပါတယ်။