စက္႐ုံေတြမွာ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးနဲ႕ သက္ဆိုင္တ့ဲ စီမံခန္႔ခြဲႏိုင္တ့ဲ ဝန္ထမ္းေတြ လိုအပ္

0
521

သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစတဲ့ စြန္႔ပစ္ပစၥည္းေတြ မထြက္ေအာင္ စက္႐ုံေတြမွာ ပတ္ဝန္းက်င္ထိန္း သိမ္းေရးနဲ႔ ဆိုင္တ့ဲ စီမံခန္႔ခြဲႏိုင္တ့ဲ ဝန္ထမ္းေတြလိုအပ္ေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံမွာ စက္႐ုံအလုပ္ရုံေတြက ထြက္ရွိတ့ဲ စြန္႔ပစ္ပစၥည္းေတြဟာ ေရဆိုးေရညစ္ကေန သဘာဝပတ္ဝန္းက်င္ထိခိုက္မႈေတြ ျဖစ္ေပၚေစတဲ့အတြက္ စက္႐ုံေတြမွာ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးနဲ႕ သက္ဆိုင္တ့ဲ စီမံခန္႔ခြဲႏိုင္တ့ဲ ဝန္ထမ္းေတြလိုအပ္တယ္လို႔ ျမန္မာႏိုင္ငံစက္မႈကုန္ထုတ္သူမ်ား အသင္းကေျပာဆိုလိုက္ပါတယ္။

မတ္လ ၂၃ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေရႊျပည္သာစက္မႈဇုန္ ကေနာင္ခန္းမမွာ က်င္းပျပဳလုပ္တ့ဲ ေရႊျပည္သာစက္မႈဇုန္(၂၊၃၊၄)က စက္႐ုံလုပ္ငန္းရွင္ေတြ ပူးေပါင္းကာဖြင့္လွစ္တ့ဲ Environmental Management System သင္တန္းဖြင့္ပြဲမွာ ေျပာဆိုခဲ့တာပါ။

Soundbite- ဦး၀င္းႏိုင္ (ဒုတိယဥကၠ႒)
ျမန္မာႏိုင္ငံစက္မႈကုန္ထုတ္သူမ်ားအသင္း

ဒါ့အျပင္ လက္ရွိမွာ စက္႐ုံေတြက ၀န္ထမ္းေတြကို သဘာဝပတ္​ဝန္​းက်င္​ထိန္​းသိမ္​း​ေရး စီမံခ်က္​-EMP သင္တန္း ေတြ စတင္ေပးေနတာျဖစ္ပါတယ္။

Soundbit- ဦးခင္ေမာင္၀င္း(မန္ေနဂ်င္းဒါ႐ိုက္တာ)
Myanmar Water Engineering and Products Co.,Ltd

သဘာ၀ပတ္၀န္းက်င္စီမံထိန္းသိမ္းမႈနဲ႕႔ဆိုင္တ့ဲ သင္တန္းျဖစ္တ့ဲ Environmental Management System ကို စက္႐ုံအလုပ္႐ုံေတြက ဝန္ထမ္းေတြ၊ ဌာနဆိုင္ရာက ၀န္ထမ္းေတြ အျပင္တကၠသိုလ္ေတြက လာေရာက္တ့ဲ သင္တန္းသားအပါအ၀င္ သင္တန္းသား ၇၀ ကို ၂လၾကာ ေရႊျပည္သာစက္မႈဇုန္ ကေနာင္ခန္းမ မွာ သင္ၾကားေပးသြားမွာျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စက်ရုံတွေမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ စီမံခန့်ခွဲနိုင်တဲ့ ဝန်ထမ်းတွေ လိုအပ်

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စွန့်ပစ်ပစ္စည်းတွေ မထွက်အောင် စက်ရုံတွေမှာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ ဆိုင်တဲ့ စီမံခန့်ခွဲနိုင်တဲ့ ဝန်ထမ်းတွေလိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေက ထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ရေဆိုးရေညစ်ကနေ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်စေတဲ့အတွက် စက်ရုံတွေမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ စီမံခန့်ခွဲနိုင်တဲ့ ဝန်ထမ်းတွေလိုအပ်တယ်လို့ မြန်မာနိုင်ငံစက်မှုကုန်ထုတ်သူများ အသင်းကပြောဆိုလိုက်ပါတယ်။

မတ်လ ၂၃ရက်နေ့က ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန် ကနောင်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ရွှေပြည်သာစက်မှုဇုန်(၂၊၃၊၄)က စက်ရုံလုပ်ငန်းရှင်တွေ ပူးပေါင်းကာဖွင့်လှစ်တဲ့ Environmental Management System သင်တန်းဖွင့်ပွဲမှာ ပြောဆိုခဲ့တာပါ။

Soundbite- ဦးဝင်းနိုင် (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံစက်မှုကုန်ထုတ်သူများအသင်း

ဒါ့အပြင် လက်ရှိမှာ စက်ရုံတွေက ဝန်ထမ်းတွေကို သဘာဝပတ်​ဝန်​းကျင်​ထိန်​းသိမ်​း​ရေး စီမံချက်​-EMP သင်တန်း တွေ စတင်ပေးနေတာဖြစ်ပါတယ်။

Soundbit- ဦးခင်မောင်ဝင်း(မန်နေဂျင်းဒါရိုက်တာ)
Myanmar Water Engineering and Products Co.,Ltd

သဘာဝပတ်ဝန်းကျင်စီမံထိန်းသိမ်းမှုနဲ့ဆိုင်တဲ့ သင်တန်းဖြစ်တဲ့ Environmental Management System ကို စက်ရုံအလုပ်ရုံတွေက ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာက ဝန်ထမ်းတွေ အပြင်တက္ကသိုလ်တွေက လာရောက်တဲ့ သင်တန်းသားအပါအဝင် သင်တန်းသား ၇၀ ကို ၂လကြာ ရွှေပြည်သာစက်မှုဇုန် ကနောင်ခန်းမ မှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျား။