
0
46




စက်မှုလုပ်ငန်းနဲ့ လူနေထိုင်ဖို့ မြေအသုံးပြုခွင့်လျှောက်လွှာ ရန်ကုန်တိုင်းအစိုးရကို လျှောက်ထားနိုင်

ရန်ကုန်တိုင်းအတွင်းမှာ စက်မှုလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ လူနေထိုင်ဖို့ အသုံးပြုခွင့် လျှောက်လွှာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှာ လျှောက်ထားနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့က ကြေညာထားပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က စီမံပိုင်ခွင့်ရှိတဲ့ တိုင်းဒေသကြီးအတွင်းက မြေတွေကို စီးပွားရေး ၊စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ၊ လူနေထိုင်ဖို့ မြေအသုံးပြုခွင့်ကို သတ်မှတ်ထားတဲ့ စည်ပင်စရိတ်ပေးသွင်းပြီး လျှောက်ထားသူရဲ့မှတ်ပုံတင်မူရင်း/မိတ္တူတင်ပြပြီးလျှောက်လွှာပုံစံကိုရန်ကုန်အရှေ့ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ဝယ်ယူနိုင်မှာလဲဖြစ်ပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ဒဂုံလေးမြို့နယ်မှာ ပင်စင်စားတွေနဲ့ အိမ်ပိုင်မရှိတဲ့သူတွေကို မြေရောင်းပေးမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။