
0
59




စက်မှုဇုန်တွေမှာ ကျူးကျော်နေထိုင်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်ချနိုင်တဲ့ ဥပဒေကြမ်းကို အတည်ပြု


စက်မှုဇုန်တွေအတွင်း ကျူးကျော်ပြီး ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံ ဆောက်လုပ်နေထိုင်ပါက ထောင်ဒဏ်သုံးနှစ်နဲ့ ငွေဒဏ်ပါ ချမှတ်နိုင်တဲ့ စက်မှုဇုန် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။


ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ကော်မတီက တင်သွင်းထားတဲ့ အဲဒီ ဥပဒေကြမ်းကို စက်တင်ဘာလ ၃ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်တာပါ။


စက်မှုဇုန် ဥပဒေကြမ်းကို အတည်ပြုရေးအတွက် စက်တင်ဘာလ ၃ ရက်က လွှတ်တော်မှာ ဆွေးနွေးစဉ် ရွှေပြည်သာ လွှတ်တော်အမတ် ဦးဉာဏ်လင်းက စက်မှုဇုန်အတွင်း ကျူးကျော်နေထိုင်တာ၊ အဆောက်အအုံ ဆောက်လုပ်တာတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ် ထည့်သွင်းထားခြင်းကို ပြင်ဆင်ဖြေလျှော့ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ် ။