
0
93




စက်ပျက်ပြီး ပင်လယ်ထဲမျောနေတဲ့ ရေယာဉ်ပေါ်က သီရိလင်္ကာ နိုင်ငံသား ငါးဦးကို ကယ်ဆယ်


ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ စက်ပျက်ပြီး မျောပါနေတဲ့ ငါးဖမ်းရေယာဉ် တစ်စီးပေါ်က သီရိလင်္ကာ နိုင်ငံသား ငါးဦးကို တွေ့ရှိကယ်ဆယ်ခဲ့ပါတယ်။
ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်မှာ စက်တင်ဘာလ ၁၇ ရက်နေ့က ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်က စစ်ရေယာဉ်နဲ့ လှည့်ကင်း ဆောင်ရွက်စဉ် သမီးလှကျွန်းရဲ့ အရှေ့တောင်ဘက် ၁၈ မိုင်ခွဲအကွာမှာ နီဆာဒီ မူလာ အမည်ရှိ စက်ပျက်ပြီး မျောပါနေတဲ့ ငါးဖမ်းရေယာဉ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


သီရိလင်္ကာနိုင်ငံသား မစ္စတာ ကေဘီ ဆံသာ အပါအဝင် ငါးဦးကို ကယ်ဆယ်ခဲ့ပြီး ဒုတိယ လူဝင်မှု ကြီးကြပ်ရေးမှူး ဦးမင်းဟိန်းထံ လွှဲပြောင်းအပ်နှံထားရှိပါတယ်။