ငါးမန္း စစ္ဆင္ေရးႏွင့္ ကြတ္ခိုင္ အမ်ဳိးသမီးမ်ား (ေဆာင္းပါးက႑)

0
405

ခံဝန္ကတိေရးထိုးထားၿပီး၊ ျပန္ဖြင့္သည့္ ေလာင္းကစားဂိမ္းဆုိင္ေတြ ထပ္မံပိတ္ဖို႔အတြက္ ကြတ္ခိုင္ရွိ အမ်ိဳးသမီး မ်ား ဦးေဆာင္ၿပီး ဂိမ္းဆုိင္မ်ားသို႔ ခ်ီတက္ခဲ့သည္။

ထိုေန႔က စက္တင္ဘာ (၁၆) ရက္ေန႔ျဖစ္သည္။

ကြတ္ခုိင္ၿမိဳ႕ရွိ ငါးမန္းဂိမ္းဆုိင္အခ်ဳိ႕ကို ဖ်က္ဆီးေနပံု( Photo by Rcm Kawnghka/facebook )

အမ်ိဳးသမီးမ်ားသည္ ငါးမန္းဟုေခၚသည့္ ေလာင္းကစားေသာဂိမ္းဆုိင္ထဲသို႔ေရာက္ရွိလာခ်ိန္တြင္ ေဒါသစိတ္မ်ား မထိန္းႏုိင္ေတာ့ဘဲ ဂိမ္းခံုမ်ားကို သူထက္ငါ အလ်င္အျမန္ဖ်က္ဆီးခဲ့ၾကသည္ဟု ပါဝင္ခဲ့သူ ကြတ္ခိုင္အိမ္ေထာင္ရွင္ အမ်ိဳးသမီးအဖြဲ႔မွ နန္းေအးက ဆုိသည္။

ေလာင္းကစားရံုဆက္ဖြင့္သည့္အေၾကာင္းရင္းေမးရန္ႏွင့္ ျပန္ပိတ္ဖုိ႔ သြားေရာက္ေျပာဆုိရန္ သြားခဲ့ၾကေပမယ့္ “ အမ်ိဳးသမီးေတြအားလံုးဟာ ခံစားခ်က္ေတြတူေနေတာ့ မေနႏုိင္လုိ႔ လုပ္လိုက္တာပါ” ဟု နန္းေအးက ေျပာသည္။

ထိုေလာင္းကစားရံုကို ေရာက္သြားခ်ိန္တြင္ ဂိမ္းေဆာ့ေနသူတဦးတေယာက္မွ မေတြ႔ျမင္ခဲ့ေသာ္လည္း ေဆာ့ထား သည့္ လက္ရာေတြကေတာ့ ရွိေနေသးေၾကာင္း နန္းေအးက သူမျမင္ခဲ့သည့္ ျမင္ကြင္းကို ျပန္ေျပာျပသည္။

“ က်မတို႔လာမယ္ဆုိတာသိေတာ့ ထြက္ေျပးသြားၾကတယ္။ ေဆာ့ေနတဲ့ လက္ရာေတာ့ရွိတယ္။ အဲဒီေန႔က ရံု(၃)ရံု ကို ဖ်က္ခဲ့တယ္” ဟုနန္းေအးက ေျပာျပသည္။

ထိုဂိမ္းဆုိင္ေၾကာင့္ သူမတို႔ပတ္ဝန္းက်င္ရွိ ဆယ္ေက်ာ္သက္ေတြ၊ အမ်ိဳးသားေတြ၊ နိစၥဓူဝအလုပ္အကိုင္ပ်က္ျပီး ဂိမ္းစဲြလမ္းမႈေတြ ျဖစ္ေပၚေနတာေၾကာင့္ ဂိမ္းေလာင္းကစားဆုိင္ကို ျမင္လိုက္သည့္အခ်ိန္တြင္ စိတ္ေတြထိန္းခ်ဳပ္လုိ႔ မရေအာင္ျဖစ္သြားေၾကာင္း ကြတ္ခိုင္အမ်ိဳးသမီးမ်ားက ရင္ဖြင့္ေျပာျပသည္။

ေလာင္းကစားဂိမ္းဆုိင္တြင္ တခ်ိဳ႕အမ်ိဳးသမီးေတြပါ ဝင္ေရာက္ေဆာ့ကစားမႈရွိသည္ဟု ကြတ္ခုိင္ၿမိဳ႕အိမ္ေထာင္ရွင္ အမ်ိဳးသမီးေတြက ဆုိသည္။

ေလာင္းကစားဂိမ္းဆုိင္ေၾကာင့္ အိမ္ေထာင္ေရးပဋိပကၡေတြ ရင္ဆုိင္ေနရသည့္ အသက္(၄၀)ေက်ာ္ မခိုင္ဇာက “ က်မေယာက်္ားက အခ်ိန္ျပည့္ဂိမ္းဆုိင္မွာပဲ အခ်ိန္ကုန္ေနတယ္။ ရတဲ့ေငြလည္း အပ္တာမရွိဘူး။ က်မဆီက ျပန္ လက္ျဖန္႔ေတာင္းတယ္။ မရရင္ အိမ္မွာ ရွိတဲ့ပစၥည္းရွာေရာင္းတဲ့အဆင့္ပါပဲ” ဟု ဝမ္းနည္းစြာျဖင့္ ေျပာျပသည္။

အိမ္ေထာင္ရွင္ အမ်ိဳးသားမ်ား၊ ဆယ္ေက်ာ္သက္ ေယာက်္ားေလးမ်ားသည္ ဂိမ္းဆုိင္ကို ေန႔စဥ္သြားေရာက္ အခ်ိန္ ျဖဳန္းတီးမႈမ်ားရွိလာၿပီး၊ ေလာင္းကစားဂိမ္းဆုိင္ေၾကာင့္ အိမ္ေထာင္ေရးပဋိပကၡေတြ ႀကံဳေတြ႔ေနရေၾကာင္း မခုိင္ဇာ က ေျပာျပသည္။

“ဂိမ္းက ေဆးစြဲသလုိပါပဲ။ ေၾကာက္စရာအရမ္းေကာင္းတယ္။ ဒီဂိမ္းေၾကာင့္ က်မတုိ႔ အိမ္ေထာင္ေရးလည္း ခဏ ခဏ ျပႆနာျဖစ္ရတယ္။ က်မတေယာက္တည္း မဟုတ္ဘူး။ က်မပတ္ဝန္းက်င္မွာလည္း ဒီျပႆနာေတြ ႀကံဳေန ရပါတယ္” ဟု ကေလးႏွစ္ေယာက္မိခင္ မခုိင္ဇာက ႀကံဳေတြ႔ေနရတဲ့ ျပႆနာေတြကို ရင္ဖြင့္သည္။

ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ငါးမန္းလုိ႔ေခၚသည့္ ေလာင္းကစားဂိမ္းကို မူးယစ္ေဆးဝါး သံုးစြဲသလုိ စြဲလမ္းေနၾကၿပီး၊ အိမ္ တြင္းပစၥည္းခိုးယူမႈ၊ လုယက္မႈေတြ မ်ားျပားလာေၾကာင္းလည္း ကြတ္ခိုင္ေဒသခံမ်ားက ေျပာဆုိၾကသည္။

“ က်မမွာ သားသမီးေတြ ေမြးထားတယ္။ ဒါက အနာဂတ္မ်ိဳးဆက္သစ္ေတြအတြက္ သက္ေရာက္မႈရွိတယ္။ ဒီလုိ ဂိမ္းဆုိင္ရွိေတာ့ ကေလးေတြဖြံ႔ၿဖိဳးမႈက ေႏွာင့္ေနွးမႈေတြ ျဖစ္ကုန္ၿပီေလ။ ကေလးေတြက စာသင္တဲ့ ေက်ာင္းခန္းထဲ မေရာက္ပဲ အဲဒီအထဲကိုေရာက္ေနၾကတယ္။ ဦးေႏွာက္ထဲမွာလည္း ဂိမ္းေဆာ့ဖုိ႔ပဲရွိတယ္” ဟု ဂိမ္းဆုိင္ကို သြား ေရာက္ဖ်က္ဆီးသည့္အထဲတြင္ ပါဝင္သည့္ ကေလးမိခင္ မမီးမီးက ေျပာသည္။

ေလာင္းကစား ဂိမ္းဆုိင္အမ်ားစုသည္ လက္နက္ကိုင္အဖြဲ႔အစည္းေတြကို အားကိုးၿပီး ဖြင့္လွစ္ထားၾကေၾကာင္း၊ သြားေရာက္ဖ်က္ဆီးသည္ေန႔တြင္ တခ်ိဳ႕ဆိုင္ဝန္ထမ္းမ်ားက လက္နက္ေတြထုတ္ကာ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ ေသးေၾကာင္း မမီးမီးက ထပ္ေျပာျပသည္။

“ ဂိမ္းဆုိင္ေတြက လက္နက္ကိုင္ေတြ အဖြဲ႔အစည္းေတြ အားကိုးၿပီး ဖြင့္တာေတာ့ရွိတယ္။ က်မတို႔ သြားဖ်က္ဆီးတဲ့ ေန႔ကဆို လက္နက္သြားထုတ္ၿပီး ၿခိမ္းေျခာက္ေသးတယ္။ က်မတုိ႔လူအုပ္ကမ်ားေတာ့ သူတို႔ ဘာမွ မလုပ္ရဲဘူး” ဟု မမီးမီးက ႀကံဳေတြ႔ခဲ့တဲ့ အျဖစ္အပ်က္ကို ျပန္လည္ေျပာျပေနသည္။

ထိုဂိမ္းဆုိင္ေၾကာင့္ ပတ္ဝန္းက်င္လံုၿခံဳမႈမရွိေၾကာင္း၊ ညစဥ္ေကာင္းေကာင္းမြန္မြန္ မအိပ္စက္ရေၾကာင္းႏွင့္ ေန႔ လည္ေန႔ခင္း အျပင္ထြက္ပါက ဘုရားတၿပီးထြက္ေနရသည္ဟု မမီးမီးက ကြတ္ခို္င္ၿမိဳ႕ေဒသခံေတြ၏ ခံစားခ်က္ကို ေျပာသည္။

ကြတ္ခုိင္ၿမိဳ႕ရွိ ငါးမန္းဂိမ္းဆုိင္အခ်ဳိ႕ကို ဖ်က္ဆီးေနပံု( Photo by Rcm Kawnghka/facebook )

 

“ ကိုယ့္အိမ္ေထာင္ဖက္ေတြကလည္း ရတဲ့ေငြကို ဂိမ္းပဲေဆာ့ၾကတယ္။ ဒီေလာင္းကစားပဲလုပ္ၾကတယ္ေလ။ ဒီ ဂိမ္းဆုိင္ေတြေၾကာင့္ လူေတြဘဝေတြ ပ်က္စီးလာၾကတယ္။ အဆုိးရြားဆံုးက အိမ္ေတြကို ေဖာက္ထြင္းတာေတြ ရွိတယ္။ လုယက္မႈေတြ၊ ဆိုင္ကယ္ေတြလု၊ ခိုးတာေတြရွိတယ္။ သီးႏွံေတြလည္း သြားခုိးေရာင္းၾကတာေတြ ရွိလာတယ္” ဟု သူမက ဆုိသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ေလာင္းကစားဂိမ္းဆိုင္(၂၀)အထက္တြင္ရွိေနေၾကာင္းႏွင့္ ထိုဂိမ္းဆုိင္မ်ားသည္ မည္သည့္ အဖြဲ႔အစည္းအားကိုးျဖင့္ ဖြင့္လွစ္ေနသည္ကို မသိရွိသလို ဂိမ္းဆုိင္ကို အာဏာပိုင္အဖြဲ႔အစည္းမ်ားက ဘာေၾကာင့္ မတားဆီးႏုိင္ၾကလဲဆိုတာလည္း ေမးခြန္းထုတ္စရာျဖစ္ေနေၾကာင္း ကြတ္ခိုင္ၿမိဳ႕ အိမ္ေထာင္ရွင္မမ်ားအဖြဲ႔က ေျပာ ဆုိလုိက္သည္။

“ လက္ရွိအမ်ိဳးသမီးေတြ ဦးေဆာင္ၿပီး ဖ်က္ဆီးခဲ့တာ မေျပာျပေလာက္ပါဘူး။ က်မတို႔ရပ္ကြက္(၈)က ဂိမ္းဆုိင္ကိုပဲ ဖ်က္တာပါ။ တျခားေနရာေတြမွာ အမ်ားႀကီးက်န္ပါေသးတယ္” ဟု ကြတ္ခိုင္ေဒသခံမမီးမီးက ထပ္မံေျပာသည္။

ေလာင္ကစားဂိမ္းဆုိင္ကို အမ်ိဳးသမီးမ်ားဦးေဆာင္ၿပီး သြားေရာက္ဖ်က္ဆီးရျခင္းႏွင့္ပါတ္သက္ျပီး ကြတ္ခိုင္ၿမိဳ႕တြင္ တရားဥပေဒစိုးမုိးမႈမရွိသျဖင့္ ယခုလိုျပည္သူမ်ားဦးေဆာင္လုပ္ေဆာင္ေနရျခင္းျဖစ္သည္ဟု ကြတ္ခုိင္ၿမိဳ႕၊ ကခ်င္ လူငယ္ကြန္ယက္မွ မိုင္းမုိင္က ေျပာသည္။

“တရားနည္းလမ္းတက် ဥပေဒစိုးမိုးမႈ မရွိတဲ့အခ်ိန္မွာ ျပည္သူလူထုေတြ ဒီလိုလုပ္တယ္။ အမ်ိဳးသမီးတေယာက္ ေျပာရင္ေတာ့ ပိုၿပီးခံစားရတာ အမ်ိဳးသမီးေတြျဖစ္တယ္။ ကိုယ့္ေယာက်္ားေတြ၊ ကိုယ့္သားသမီးေတြက ဒီလုိသြား ေဆာ့ေတာ့ အိမ္ေထာင္ေရးေတြ ၿပိဳကြဲရတယ္။ မိသားစုဘ၀ပ်က္တယ္။ ဒါေတြကို မခံစားႏုိင္တဲ့အတြက္ ဒီလိုျဖစ္ တာလုိ႔က်မျမင္တယ္” ဟု မိုင္းမုိင္က ဆုိသည္။

ကြတ္ခိုင္ၿမိဳ႕ရွိ ေလာင္းကစားဂိမ္ဆုိင္မ်ားတြင္ ျပည္သူ႔စစ္မ်ားက လက္နက္အျပည့္အစံုျဖင့္ ေစာင့္ဆုိင္းေနၾကသျဖင့္ ကြတ္ခုိင္ေဒသခံမ်ားအေနျဖင့္ ျပည္သူ႔စစ္မ်ားကိုပါ ေၾကာက္ေနရေၾကာင္းလည္း မိုင္းမုိင္က ေျပာျပသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေလာင္းကစားဝုိင္းျပႆနာ ကြင္းဆင္းရွင္းလင္းပိတ္ပင္အေရးယူေပးရန္ ရွမ္းျပည္ နယ္ လႊတ္ေတာ္အစည္းအေဝးတြင္ သိန္းနီၿမိဳ႕၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခင္ထားရီက စက္တင္ဘာ (၁၉)ရက္ေန႔တြင္ တင္ျပခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္ ေဖေဖာ္ဝါရီ(၂၇)ရက္ေန႔တြင္ လားရႈိးၿမိဳ႕တြင္ လူငယ္ေတြ႔ဆံုပြဲျပဳလုပ္ရာ သူမ၏တင္ျပမႈသည္ အဆိုပါ ေဆြးေႏြးပြဲမွ လူငယ္မ်ား၏အသံျဖစ္သကဲ့သုိ႔ ယခုေနာက္ပိုင္း ရွမ္းေျမာက္ေဒသတြင္ ေလာင္းကစားရံုမ်ား ပိုမုိမ်ား ျပားလာေၾကာင္း နန္းခင္ထားရီက ဆုိသည္။

ကြတ္ခုိင္ၿမိဳ႕ရွိ ငါးမန္းဂိမ္းဆုိင္အခ်ဳိ႕ကို ဖ်က္ဆီးေနပံု( Photo by Rcm Kawnghka/facebook )

“ ငါးမန္းဂိမ္းနဲ႔ ေလာင္းကစားေတြက လူငယ္ေရာ လူႀကီးေတြပါ စြဲလမ္းေနၾကတယ္။ ဒီဂိမ္းဆုိင္ေၾကာင့္ ဘဝေတြ ပ်က္တဲ့သူေတြ အမ်ားႀကီးပါ။ ေက်ာင္းသားေတြ အျဖဴအစိမ္းနဲ႔ လာေဆာ့တာေတြ မနည္းဘူး” ဟု ကြတ္ခိုင္ၿမိဳ႕မွ အသက္(၃၅)ႏွစ္အရြယ္ စိုင္းေဝ က ေျပာသည္။

ထိုဂိမ္းဆုိင္ေၾကာင့္ လူမႈဝန္းက်င္ထိခိုက္ရၿပီး၊ လူငယ္ေတြ အက်င့္စာရိတၱ ပ်က္ျပားမႈ မ်ားျပားလာေၾကာင္း၊ အိမ္ ေထာင္သည္မ်ားလည္း အိမ္ေထာင္ၿပိဳကြဲမႈေတြ မ်ားျပားလာသျဖင့္ ထုိဂိမ္းဆုိင္မ်ားကို သက္ဆုိင္ရာမွ တားဆီးပိတ္ ပင္သင့္ေၾကာင္းလညး္ စိုင္းေဝက တုိက္တြန္းလုိက္သည္။

“ ေလာင္းကစားဂိမ္းေတြ ရွိတဲ့ေနရာဆုိရင္ မူးယစ္ေဆးေတြလည္း ေပါတယ္။ ကေလးေတြအတြက္ အႏၱရာယ္ပါပဲ။ ဂိမ္းဆုိင္ေတြ အျမန္ရွင္းလင္းေပးဖုိ႔ ေတာင္းဆုိခ်င္ပါတယ္” ဟု စိုင္းေဝက ဆက္ေျပာသည္။

ကိုယ္ေနထိုင္သည့္ ပတ္ဝန္းက်င္မွာ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈရွိလွ်င္ျဖစ္ေစ၊ ဂိမ္းဆုိင္ေတြေတြ႔ျမင္လွ်င္ျဖစ္ေစ၊ တိတ္ဆိတ္စြာ မေနၾကဘဲ သတင္းေပးရန္ႏွင့္ တဦးတေယာက္တည္းမလုပ္ႏုိင္ရင္ အမ်ားအားျဖင့္ တြန္းလွန္ေစခ်င္ ေၾကာင္းလည္း နန္းေအးကလည္း ေထာက္ျပေျပာဆိုလုိက္သည္။

“ တဦးတေယာက္တည္း လုပ္လို႔မရဘူး၊ မႏုိင္တဲ့ဝန္ကို မထမ္းေစခ်င္ဘူး။ အမ်ားအားနဲ႔ တြန္းလွန္ဖုိ႔ ေျပာခ်င္ပါ တယ္” ဟု နန္းေအးက ေထာက္ျပသည္။

အမ်ိဳးသမီးတေယာက္၊ မိခင္တေယာက္အေနျဖင့္ ကိုယ့္မ်က္စိေရွ႕မွာ ကေလးေတြ အသက္(၁၂)ႏွစ္၊ (၁၃)ႏွစ္ အရြယ္ေတြ ဂိမ္းစြဲသူမ်ား၊ မူးယစ္ေဆးဝါးစြဲသူမ်ား၊ ျမင္ေတြ႕ေနရျပီး စိတ္မေကာင္းလည္း ျဖစ္ၾကေၾကာင္း မခုိင္ဇာ က ေျပာသည္။

“ကေလးေတြ ဂိမ္းစြဲ၊ မူးယစ္ေဆးစြဲတာ ျမင္ေတာ့ စိတ္နာတယ္။ ပညာရွာရမယ့္အရြယ္၊ စီးပြားရွာရမယ့္အရြယ္မွာ ပ်က္စီးေနတာျမင္ေတာ့ အနာဂတ္ ဘယ္လိုလွပႏုိင္မွာလဲ” ဟု မိခင္ျဖစ္သည့္မခုိင္ဇာကလည္း ဝမ္းနည္းစြာျဖင့္ ေျပာသည္။

ငါးမန္းဟုေခၚသည့္ေလာင္းကစားဂိမ္းဆုိင္ေတြ ရွိေနသေရြ႕ ကြတ္ခုိင္ၿမိဳ႕ၾကီး အႏၱရာယ္ေတြမ်ားၿပီး ပ်က္စီးေနမွာပဲ ဟု နန္းေအးက မွတ္ခ်က္ျပဳသည္။

“ ကိုယ့္ပတ္ဝန္းက်င္ ကိုယ့္ကေလးေတြ ေကာင္းစားဖုိ႔အတြက္ အမ်ိဳးသမီးေတြ ဦးေဆာင္ႏုိင္မွ ျဖစ္မယ္။ ဂိမ္းဆုိင္ ေတြမရွိေအာင္ အမ်ိဳးသမီးေတြ ဆက္ၿပီးလုပ္ဖုိ႔ တုိက္တြန္းခ်င္ပါတယ္။ အမ်ားအင္အားနဲ႔ တြန္းလွန္ရင္ ေအာင္ ျမင္မွာပါ” ဟု နန္းေအးက ဆက္လက္တိုက္တြန္းလုိက္သည္။

နန္းဆုိင္ႏြမ္

(ဒီေဆာင္းပါးကို HI (Honest Information) Website ( www.hiburma.net ) ကေန ကူးယူေဖာ္ျပတာ ျဖစ္ပါတယ္။ HI (Honest Information) Website ( www.hiburma.net ) ကို ျမန္မာ့အမ်ဳိးသမီးသမဂၢ (BWU) က စီစဥ္ လုပ္ေဆာင္တာ ျဖစ္ပါတယ္။)

……………………………………………………………

 

ခံဝန်ကတိရေးထိုးထားပြီး၊ ပြန်ဖွင့်သည့် လောင်းကစားဂိမ်းဆိုင်တွေ ထပ်မံပိတ်ဖို့အတွက် ကွတ်ခိုင်ရှိ အမျိုးသမီး များ ဦးဆောင်ပြီး ဂိမ်းဆိုင်များသို့ ချီတက်ခဲ့သည်။

ထိုနေ့က စက်တင်ဘာ (၁၆) ရက်နေ့ဖြစ်သည်။

ကွတ်ခိုင်မြို့ရှိ ငါးမန်းဂိမ်းဆိုင်အချို့ကို ဖျက်ဆီးနေပုံ( Photo by Rcm Kawnghka/facebook )
အမျိုးသမီးများသည် ငါးမန်းဟုခေါ်သည့် လောင်းကစားသောဂိမ်းဆိုင်ထဲသို့ရောက်ရှိလာချိန်တွင် ဒေါသစိတ်များ မထိန်းနိုင်တော့ဘဲ ဂိမ်းခုံများကို သူထက်ငါ အလျင်အမြန်ဖျက်ဆီးခဲ့ကြသည်ဟု ပါဝင်ခဲ့သူ ကွတ်ခိုင်အိမ်ထောင်ရှင် အမျိုးသမီးအဖွဲ့မှ နန်းအေးက ဆိုသည်။

လောင်းကစားရုံဆက်ဖွင့်သည့်အကြောင်းရင်းမေးရန်နှင့် ပြန်ပိတ်ဖို့ သွားရောက်ပြောဆိုရန် သွားခဲ့ကြပေမယ့် “ အမျိုးသမီးတွေအားလုံးဟာ ခံစားချက်တွေတူနေတော့ မနေနိုင်လို့ လုပ်လိုက်တာပါ” ဟု နန်းအေးက ပြောသည်။

ထိုလောင်းကစားရုံကို ရောက်သွားချိန်တွင် ဂိမ်းဆော့နေသူတဦးတယောက်မှ မတွေ့မြင်ခဲ့သော်လည်း ဆော့ထား သည့် လက်ရာတွေကတော့ ရှိနေသေးကြောင်း နန်းအေးက သူမမြင်ခဲ့သည့် မြင်ကွင်းကို ပြန်ပြောပြသည်။

“ ကျမတို့လာမယ်ဆိုတာသိတော့ ထွက်ပြေးသွားကြတယ်။ ဆော့နေတဲ့ လက်ရာတော့ရှိတယ်။ အဲဒီနေ့က ရုံ(၃)ရုံ ကို ဖျက်ခဲ့တယ်” ဟုနန်းအေးက ပြောပြသည်။

ထိုဂိမ်းဆိုင်ကြောင့် သူမတို့ပတ်ဝန်းကျင်ရှိ ဆယ်ကျော်သက်တွေ၊ အမျိုးသားတွေ၊ နိစ္စဓူဝအလုပ်အကိုင်ပျက်ပြီး ဂိမ်းစွဲလမ်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဂိမ်းလောင်းကစားဆိုင်ကို မြင်လိုက်သည့်အချိန်တွင် စိတ်တွေထိန်းချုပ်လို့ မရအောင်ဖြစ်သွားကြောင်း ကွတ်ခိုင်အမျိုးသမီးများက ရင်ဖွင့်ပြောပြသည်။

လောင်းကစားဂိမ်းဆိုင်တွင် တချို့အမျိုးသမီးတွေပါ ဝင်ရောက်ဆော့ကစားမှုရှိသည်ဟု ကွတ်ခိုင်မြို့အိမ်ထောင်ရှင် အမျိုးသမီးတွေက ဆိုသည်။

လောင်းကစားဂိမ်းဆိုင်ကြောင့် အိမ်ထောင်ရေးပဋိပက္ခတွေ ရင်ဆိုင်နေရသည့် အသက်(၄၀)ကျော် မခိုင်ဇာက “ ကျမယောကျာ်းက အချိန်ပြည့်ဂိမ်းဆိုင်မှာပဲ အချိန်ကုန်နေတယ်။ ရတဲ့ငွေလည်း အပ်တာမရှိဘူး။ ကျမဆီက ပြန် လက်ဖြန့်တောင်းတယ်။ မရရင် အိမ်မှာ ရှိတဲ့ပစ္စည်းရှာရောင်းတဲ့အဆင့်ပါပဲ” ဟု ဝမ်းနည်းစွာဖြင့် ပြောပြသည်။

အိမ်ထောင်ရှင် အမျိုးသားများ၊ ဆယ်ကျော်သက် ယောကျာ်းလေးများသည် ဂိမ်းဆိုင်ကို နေ့စဉ်သွားရောက် အချိန် ဖြုန်းတီးမှုများရှိလာပြီး၊ လောင်းကစားဂိမ်းဆိုင်ကြောင့် အိမ်ထောင်ရေးပဋိပက္ခတွေ ကြုံတွေ့နေရကြောင်း မခိုင်ဇာ က ပြောပြသည်။

“ဂိမ်းက ဆေးစွဲသလိုပါပဲ။ ကြောက်စရာအရမ်းကောင်းတယ်။ ဒီဂိမ်းကြောင့် ကျမတို့ အိမ်ထောင်ရေးလည်း ခဏ ခဏ ပြဿနာဖြစ်ရတယ်။ ကျမတယောက်တည်း မဟုတ်ဘူး။ ကျမပတ်ဝန်းကျင်မှာလည်း ဒီပြဿနာတွေ ကြုံနေ ရပါတယ်” ဟု ကလေးနှစ်ယောက်မိခင် မခိုင်ဇာက ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရင်ဖွင့်သည်။

ကွတ်ခိုင်မြို့နယ်တွင် ငါးမန်းလို့ခေါ်သည့် လောင်းကစားဂိမ်းကို မူးယစ်ဆေးဝါး သုံးစွဲသလို စွဲလမ်းနေကြပြီး၊ အိမ် တွင်းပစ္စည်းခိုးယူမှု၊ လုယက်မှုတွေ များပြားလာကြောင်းလည်း ကွတ်ခိုင်ဒေသခံများက ပြောဆိုကြသည်။

“ ကျမမှာ သားသမီးတွေ မွေးထားတယ်။ ဒါက အနာဂတ်မျိုးဆက်သစ်တွေအတွက် သက်ရောက်မှုရှိတယ်။ ဒီလို ဂိမ်းဆိုင်ရှိတော့ ကလေးတွေဖွံ့ဖြိုးမှုက နှောင့်နှေးမှုတွေ ဖြစ်ကုန်ပြီလေ။ ကလေးတွေက စာသင်တဲ့ ကျောင်းခန်းထဲ မရောက်ပဲ အဲဒီအထဲကိုရောက်နေကြတယ်။ ဦးနှောက်ထဲမှာလည်း ဂိမ်းဆော့ဖို့ပဲရှိတယ်” ဟု ဂိမ်းဆိုင်ကို သွား ရောက်ဖျက်ဆီးသည့်အထဲတွင် ပါဝင်သည့် ကလေးမိခင် မမီးမီးက ပြောသည်။

လောင်းကစား ဂိမ်းဆိုင်အများစုသည် လက်နက်ကိုင်အဖွဲ့အစည်းတွေကို အားကိုးပြီး ဖွင့်လှစ်ထားကြကြောင်း၊ သွားရောက်ဖျက်ဆီးသည်နေ့တွင် တချို့ဆိုင်ဝန်ထမ်းများက လက်နက်တွေထုတ်ကာ ခြိမ်းခြောက်မှုတွေ ပြုလုပ် သေးကြောင်း မမီးမီးက ထပ်ပြောပြသည်။

“ ဂိမ်းဆိုင်တွေက လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေ အားကိုးပြီး ဖွင့်တာတော့ရှိတယ်။ ကျမတို့ သွားဖျက်ဆီးတဲ့ နေ့ကဆို လက်နက်သွားထုတ်ပြီး ခြိမ်းခြောက်သေးတယ်။ ကျမတို့လူအုပ်ကများတော့ သူတို့ ဘာမှ မလုပ်ရဲဘူး” ဟု မမီးမီးက ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်လည်ပြောပြနေသည်။

ထိုဂိမ်းဆိုင်ကြောင့် ပတ်ဝန်းကျင်လုံခြုံမှုမရှိကြောင်း၊ ညစဉ်ကောင်းကောင်းမွန်မွန် မအိပ်စက်ရကြောင်းနှင့် နေ့ လည်နေ့ခင်း အပြင်ထွက်ပါက ဘုရားတပြီးထွက်နေရသည်ဟု မမီးမီးက ကွတ်ခိ်ုင်မြို့ဒေသခံတွေ၏ ခံစားချက်ကို ပြောသည်။

ကွတ်ခိုင်မြို့ရှိ ငါးမန်းဂိမ်းဆိုင်အချို့ကို ဖျက်ဆီးနေပုံ( Photo by Rcm Kawnghka/facebook )

“ ကိုယ့်အိမ်ထောင်ဖက်တွေကလည်း ရတဲ့ငွေကို ဂိမ်းပဲဆော့ကြတယ်။ ဒီလောင်းကစားပဲလုပ်ကြတယ်လေ။ ဒီ ဂိမ်းဆိုင်တွေကြောင့် လူတွေဘဝတွေ ပျက်စီးလာကြတယ်။ အဆိုးရွားဆုံးက အိမ်တွေကို ဖောက်ထွင်းတာတွေ ရှိတယ်။ လုယက်မှုတွေ၊ ဆိုင်ကယ်တွေလု၊ ခိုးတာတွေရှိတယ်။ သီးနှံတွေလည်း သွားခိုးရောင်းကြတာတွေ ရှိလာတယ်” ဟု သူမက ဆိုသည်။

ကွတ်ခိုင်မြို့နယ်အတွင်း လောင်းကစားဂိမ်းဆိုင်(၂၀)အထက်တွင်ရှိနေကြောင်းနှင့် ထိုဂိမ်းဆိုင်များသည် မည်သည့် အဖွဲ့အစည်းအားကိုးဖြင့် ဖွင့်လှစ်နေသည်ကို မသိရှိသလို ဂိမ်းဆိုင်ကို အာဏာပိုင်အဖွဲ့အစည်းများက ဘာကြောင့် မတားဆီးနိုင်ကြလဲဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေကြောင်း ကွတ်ခိုင်မြို့ အိမ်ထောင်ရှင်မများအဖွဲ့က ပြော ဆိုလိုက်သည်။

“ လက်ရှိအမျိုးသမီးတွေ ဦးဆောင်ပြီး ဖျက်ဆီးခဲ့တာ မပြောပြလောက်ပါဘူး။ ကျမတို့ရပ်ကွက်(၈)က ဂိမ်းဆိုင်ကိုပဲ ဖျက်တာပါ။ တခြားနေရာတွေမှာ အများကြီးကျန်ပါသေးတယ်” ဟု ကွတ်ခိုင်ဒေသခံမမီးမီးက ထပ်မံပြောသည်။

လောင်ကစားဂိမ်းဆိုင်ကို အမျိုးသမီးများဦးဆောင်ပြီး သွားရောက်ဖျက်ဆီးရခြင်းနှင့်ပါတ်သက်ပြီး ကွတ်ခိုင်မြို့တွင် တရားဥပဒေစိုးမိုးမှုမရှိသဖြင့် ယခုလိုပြည်သူများဦးဆောင်လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ကွတ်ခိုင်မြို့၊ ကချင် လူငယ်ကွန်ယက်မှ မိုင်းမိုင်က ပြောသည်။

“တရားနည်းလမ်းတကျ ဥပဒေစိုးမိုးမှု မရှိတဲ့အချိန်မှာ ပြည်သူလူထုတွေ ဒီလိုလုပ်တယ်။ အမျိုးသမီးတယောက် ပြောရင်တော့ ပိုပြီးခံစားရတာ အမျိုးသမီးတွေဖြစ်တယ်။ ကိုယ့်ယောကျာ်းတွေ၊ ကိုယ့်သားသမီးတွေက ဒီလိုသွား ဆော့တော့ အိမ်ထောင်ရေးတွေ ပြိုကွဲရတယ်။ မိသားစုဘဝပျက်တယ်။ ဒါတွေကို မခံစားနိုင်တဲ့အတွက် ဒီလိုဖြစ် တာလို့ကျမမြင်တယ်” ဟု မိုင်းမိုင်က ဆိုသည်။

ကွတ်ခိုင်မြို့ရှိ လောင်းကစားဂိမ်ဆိုင်များတွင် ပြည်သူ့စစ်များက လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေကြသဖြင့် ကွတ်ခိုင်ဒေသခံများအနေဖြင့် ပြည်သူ့စစ်များကိုပါ ကြောက်နေရကြောင်းလည်း မိုင်းမိုင်က ပြောပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လောင်းကစားဝိုင်းပြဿနာ ကွင်းဆင်းရှင်းလင်းပိတ်ပင်အရေးယူပေးရန် ရှမ်းပြည် နယ် လွှတ်တော်အစည်းအဝေးတွင် သိန်းနီမြို့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက စက်တင်ဘာ (၁၉)ရက်နေ့တွင် တင်ပြခဲ့ကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီ(၂၇)ရက်နေ့တွင် လားရှိုးမြို့တွင် လူငယ်တွေ့ဆုံပွဲပြုလုပ်ရာ သူမ၏တင်ပြမှုသည် အဆိုပါ ဆွေးနွေးပွဲမှ လူငယ်များ၏အသံဖြစ်သကဲ့သို့ ယခုနောက်ပိုင်း ရှမ်းမြောက်ဒေသတွင် လောင်းကစားရုံများ ပိုမိုများ ပြားလာကြောင်း နန်းခင်ထားရီက ဆိုသည်။

ကွတ်ခိုင်မြို့ရှိ ငါးမန်းဂိမ်းဆိုင်အချို့ကို ဖျက်ဆီးနေပုံ( Photo by Rcm Kawnghka/facebook )
“ ငါးမန်းဂိမ်းနဲ့ လောင်းကစားတွေက လူငယ်ရော လူကြီးတွေပါ စွဲလမ်းနေကြတယ်။ ဒီဂိမ်းဆိုင်ကြောင့် ဘဝတွေ ပျက်တဲ့သူတွေ အများကြီးပါ။ ကျောင်းသားတွေ အဖြူအစိမ်းနဲ့ လာဆော့တာတွေ မနည်းဘူး” ဟု ကွတ်ခိုင်မြို့မှ အသက်(၃၅)နှစ်အရွယ် စိုင်းဝေ က ပြောသည်။

ထိုဂိမ်းဆိုင်ကြောင့် လူမှုဝန်းကျင်ထိခိုက်ရပြီး၊ လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားမှု များပြားလာကြောင်း၊ အိမ် ထောင်သည်များလည်း အိမ်ထောင်ပြိုကွဲမှုတွေ များပြားလာသဖြင့် ထိုဂိမ်းဆိုင်များကို သက်ဆိုင်ရာမှ တားဆီးပိတ် ပင်သင့်ကြောင်းလညး် စိုင်းဝေက တိုက်တွန်းလိုက်သည်။

“ လောင်းကစားဂိမ်းတွေ ရှိတဲ့နေရာဆိုရင် မူးယစ်ဆေးတွေလည်း ပေါတယ်။ ကလေးတွေအတွက် အန္တရာယ်ပါပဲ။ ဂိမ်းဆိုင်တွေ အမြန်ရှင်းလင်းပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု စိုင်းဝေက ဆက်ပြောသည်။

ကိုယ်နေထိုင်သည့် ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုရှိလျှင်ဖြစ်စေ၊ ဂိမ်းဆိုင်တွေတွေ့မြင်လျှင်ဖြစ်စေ၊ တိတ်ဆိတ်စွာ မနေကြဘဲ သတင်းပေးရန်နှင့် တဦးတယောက်တည်းမလုပ်နိုင်ရင် အများအားဖြင့် တွန်းလှန်စေချင် ကြောင်းလည်း နန်းအေးကလည်း ထောက်ပြပြောဆိုလိုက်သည်။

“ တဦးတယောက်တည်း လုပ်လို့မရဘူး၊ မနိုင်တဲ့ဝန်ကို မထမ်းစေချင်ဘူး။ အများအားနဲ့ တွန်းလှန်ဖို့ ပြောချင်ပါ တယ်” ဟု နန်းအေးက ထောက်ပြသည်။

အမျိုးသမီးတယောက်၊ မိခင်တယောက်အနေဖြင့် ကိုယ့်မျက်စိရှေ့မှာ ကလေးတွေ အသက်(၁၂)နှစ်၊ (၁၃)နှစ် အရွယ်တွေ ဂိမ်းစွဲသူများ၊ မူးယစ်ဆေးဝါးစွဲသူများ၊ မြင်တွေ့နေရပြီး စိတ်မကောင်းလည်း ဖြစ်ကြကြောင်း မခိုင်ဇာ က ပြောသည်။

“ကလေးတွေ ဂိမ်းစွဲ၊ မူးယစ်ဆေးစွဲတာ မြင်တော့ စိတ်နာတယ်။ ပညာရှာရမယ့်အရွယ်၊ စီးပွားရှာရမယ့်အရွယ်မှာ ပျက်စီးနေတာမြင်တော့ အနာဂတ် ဘယ်လိုလှပနိုင်မှာလဲ” ဟု မိခင်ဖြစ်သည့်မခိုင်ဇာကလည်း ဝမ်းနည်းစွာဖြင့် ပြောသည်။

ငါးမန်းဟုခေါ်သည့်လောင်းကစားဂိမ်းဆိုင်တွေ ရှိနေသရွေ့ ကွတ်ခိုင်မြို့ကြီး အန္တရာယ်တွေများပြီး ပျက်စီးနေမှာပဲ ဟု နန်းအေးက မှတ်ချက်ပြုသည်။

“ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ကလေးတွေ ကောင်းစားဖို့အတွက် အမျိုးသမီးတွေ ဦးဆောင်နိုင်မှ ဖြစ်မယ်။ ဂိမ်းဆိုင် တွေမရှိအောင် အမျိုးသမီးတွေ ဆက်ပြီးလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အများအင်အားနဲ့ တွန်းလှန်ရင် အောင် မြင်မှာပါ” ဟု နန်းအေးက ဆက်လက်တိုက်တွန်းလိုက်သည်။

နန်းဆိုင်နွမ်

(ဒီဆောင်းပါးကို HI (Honest Information) Website ( www.hiburma.net ) ကနေ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ HI (Honest Information) Website ( www.hiburma.net ) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။)