
0
44




ဂျွန် ဘောလ်တန် နုတ်ထွက်မှု အမေရိကန် နိုင်ငံခြားရေး မူဝါဒကို မပြောင်းလဲစေနိုင်

အမျိုးသားလုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန် နုတ်ထွက်မှုဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒကို ပြောင်းလဲစေမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ပြောပါတယ်။

ဂျွန် ဘောလ်တန်ကို သမ္မတ ဒေါ်နယ် ထရမ့်က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပယ်တာလို့ ပြောပေမယ့် ဂျွန် ဘောလ်တန်ကတော့ ငြင်းဆိုထားပြီး သူက နုတ်ထွက်လိုကြောင်း ပြောခဲ့တာလို့ ပြောပါတယ်။ သမ္မတ ထရမ့်က Twitter လူမှုကွန်ရက်မှာ သူဟာ ဂျွန် ဘော်လ်တန်ကို အိမ်ဖြူတော်မှာ အလုပ်ဆက်လုပ်ဖို့ မလိုကြောင်း ပြောခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

သမ္မတ ထရမ့်က သူ့ရဲ့ အကြံပြုချက် အများအပြားကို ဘော်လ်တန်က သဘောမတူခဲ့ဘူးလို့ ပြောပါတယ်။ သမ္မတနဲ့ လုံခြုံရေး အကြံပေးဟာ အီရန်၊ မြောက်ကိုရီးယားနဲ့ အာဖဂန်နစ္စတန် စတဲ့နိုင်ငံတွေနဲ့ ပတ်သက်ပြီး အဓိက နိုင်ငံခြားရေးမူဝါဒမှာ ဘယ်လို ကိုင်တွယ်ကြမလဲဆိုတာကို ဝိဝါဒကွဲပြားခဲ့ကြတာ ဖြစ်ပါတယ်။