
0
83




ဂွာတီမာလာ တပ်မှူးဟောင်းကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဆီး

လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ဂွာတီမာလာ တပ်မှူးဟောင်းကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

၁၉၈၂ ခုနှစ်၊ မတ်လကနေ ၁၉၈၃ ခုနှစ်၊ ဇူလိုင်လအတွင်း အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် အီဖရင် ရီယို မွန်းလက်ထက် စစ်ဆင်ရေး အကြီးအကဲဟောင်း လူးဝင် အန်းရစ်ခ် မန်ဒိုဇာကို ဇွန်လ ၁၆ ရက်နေ့က ဂွာတီမာလာ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးဖို့ ရောက်လာစဉ် ရဲက ဖမ်းဆီးလိုက်တာပါ။

၁၉၈၂ ခုနှစ်၊ မာယာလက်ဇယ် ကျေးရွာသား ၁၇၇၁ ဦးကို သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုပြီး ၂၀၁၁ ခုနှစ်မှာ ဖမ်းဝရမ်းထုတ်ပြီးကတည်းက မန်ဒိုဇာဟာ ပုန်းအောင်းနေတာ ဖြစ်ပါတယ်။ မန်ဒိုဇာဟာ ၁၉၉၀ ဝန်းကျင်မှာ ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ လွှတ်တော်အတွင်း အရွေးခံခဲ့ရပါတယ်။