ဂြမ္းေစာင္ေစ်းကြက္ ႏိုင္ငံတကာနဲ႔ ရင္ေပါင္တန္းႏိုင္ဖို႔ အစိုးရ ကူညီပံ့ပိုးမႈ လုပ္ေဆာင္ေပးဖုိ႔ လိုအပ္ေန

0
47

မုံရြာဂြမ္းေစာင္ ေစ်းကြက္ ျမင့္တက္ေစဖုိ႔နဲ႔  ႏုိင္ငံတကာ ေစ်းကြက္ကုိ ရင္ေဘာင္တန္းနုိင္ဖုိ႔ အစုိးရအေနနဲ႔ ကူညီပံ့ပုိးမႈေတြ  လုပ္ေဆာင္ေပးဖုိ႔ လုိအပ္ေနပါတယ္။ ဒီသတင္း MCN မုံရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး သက္ေနာင္စုိးက တင္ဆက္ေပးထားပါတယ္။

စစ္ကုိင္းတုိင္းေဒသႀကီး မုံရြာၿမိဳ႕နယ္ စက္မႈဇုံမွာ မံုရြာဂြမ္းေစာင္ကုိ    လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅၀ ကတည္းက စက္ရုံေပါင္း ၁၅၀ေက်ာ္က ထုတ္လုပ္ခဲ့တာျဖစ္ၿပီး ၁၉၈၈- ၉၀ ခုႏွစ္၀န္းက်င္မွာ ေစ်းကြက္အတြင္း တရုတ္ေစာင္ ေတြ ၀င္ေရာက္ခဲ့တာေၾကာင့္ မုံရြာဂြမ္းေစာင္  ေစ်းကြက္တစ္ခု ေပ်ာက္ဆုံးခဲ့တာ ျဖစ္ပါတယ္ ။

အဲဒီေနာက္ပုိင္း မုံရြာဂြမ္းေစာင္ကုိ  အထည္ခ်ဳပ္စက္ရံုေတြရဲ႕ စြန္႔ပစ္ပစၥည္းျဖစ္တဲ႔ အ၀တ္ညွပ္စေတြကို ဂြမ္းဖတ္စက္နဲ႔  ဂြမ္းျပန္လည္ထုတ္လုပ္ၿပီး မံုရြာဂြမ္းေစာင္ကိုေစ်းႏႈန္းခ်ိဳသာစြာနဲ႔ ျပန္လည္ ထုတ္လုပ္ ေရာင္းခ် ေနတာ ျဖစ္ပါတယ္ ။

အဲဒီလို ထုတ္လုပ္မႈေတြရွိခဲ့ေပမယ့္ လက္ေတြ႔မွာ ေစ်းကြက္ျမင့္တင္ဖုိ႔နဲ႔ ႏုိင္ငံတကာ ေစ်းကြက္ကို ရင္ေဘာင္တန္းႏုိင္ဖုိ႔ အစုိးရအေနနဲ႔  ကူညီပ့ံပုိးမႈေတြ လုပ္ေဆာင္ေပးဖုိ႔ လုိအပ္ေနတာ ျဖစ္တယ္လုိ႔ မုံရြာေစာင္ ထုတ္လုပ္သူေတြက ေျပာပါတယ္ ။

Sound Bite  ဦးခင္ေမာင္ညိဳ (ခ်ည္မွ်င္ႏွင့္အထည္လိပ္လုပ္ငန္းရွင္အသင္း ဥကၠဌ)

                          မုံရြာစက္မႈဇုန္ 

မံုရြာဂြမ္းေစာင္ဟာ  အေႏြးဓာတ္ပိုမိုေကာင္းမြန္ၿပီး ေစ်းနႈန္းလဲသက္သာတဲ့အတြက္ အေျခခံလူတန္းစားေတြ အမ်ားဆုံး အသုံးျပဳၾကတာ ျဖစ္ၿပီး  က်န္းမာေရးနဲ႔လည္း ညီညြတ္တဲ့အတြက္ တုိင္းနဲ႔ျပည္နယ္ အသီးသီးက ၀ယ္ယူမႈေတြ ျမင့္တက္ေနတာ ျဖစ္ပါတယ္ ။

Sound Bite  မေဌးေဌးဦး (မံုရြာေစာင္အသံုးျပဳသူ)

                             မုံရြြာၿမိဳ႕

လက္ရွိမံုရြာဂြမ္းေစာင္ကို အနိမ့္ဆံုးေစ်းႏႈန္း  ၁၇၀၀က်ပ္ကေန အမ်ားဆံုး ၄၀၀၀ ၀န္းက်င္ေစ်းႏႈန္းနဲ႔  ရွမ္းျပည္နယ္ကုိ ေႏြမိုးေဆာင္း တင္ပို႔ေရာင္းခ်ေနရၿပီး  က်န္ေဒသေတြကုိ ေဆာင္း၀င္ကာနီးအခ်ိန္ေတြမွသာ အမ်ားဆံုးတင္ပို႔ေရာင္းခ်ေပးေနရတာ လည္းျဖစ္ပါတယ္ ။

Sound Bite ဦးသန္႔ဇင္ (ေစာင္ထုတ္လုပ္သူ-မံုရြာစက္မႈဇုန္)

အဲဒီဂြမ္းေစာင္ေတြကုိ ျပည္ပေစ်းကြက္အေနနဲ႔  တမူးၿမိဳ႕နယ္စပ္ မုိေရးၿမိဳ႕ကေနအိႏိၵယ ေစ်းကြက္နဲ႔  ရခုိင္ျပည္နယ္ကေန တဆင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကို တင္ပုိ႔ေရာင္းခ်ေနတာျဖစ္ပါတယ္ ။ ျပည္တြင္းေစ်းကြက္အေနနဲ႔ ျမစ္ႀကီးနား ၊ဖားကန္႔ ၊မႏၱေလး၊ေတာင္ႀကီး၊လားရႈိးၿမိဳ႕ေတြကုိ အမ်ားဆုံး တင္ပုိ႔ေရာင္းခ်ေနတာ ျဖစ္ပါတယ္။

ဂွမ်းစောင်ဈေးကွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ အစိုးရ ကူညီပံ့ပိုးမှု လုပ်ဆောင်ပေးဖို့ လိုအပ်နေ


မုံရွာဂွမ်းစောင် ဈေးကွက် မြင့်တက်စေဖို့နဲ့ နိုင်ငံတကာ ဈေးကွက်ကို ရင်ဘောင်တန်းနိုင်ဖို့ အစိုးရအနေနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ် ။ဒီသတင်း MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး သက်နောင်စိုးက တင်ဆက်ပေးထားပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စက်မှုဇုံမှာ မုံရွာဂွမ်းစောင်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကတည်းက စက်ရုံပေါင်း ၁၅၀ကျော်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၁၉၈၈- ၉၀ ခုနှစ်ဝန်းကျင်မှာ ဈေးကွက်အတွင်း တရုတ်စောင် တွေ ဝင်ရောက်ခဲ့တာကြောင့် မုံရွာဂွမ်းစောင် ဈေးကွက်တစ်ခု ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။


အဲဒီနောက်ပိုင်း မုံရွာဂွမ်းစောင်ကို အထည်ချုပ်စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ အဝတ်ညှပ်စတွေကို ဂွမ်းဖတ်စက်နဲ့ ဂွမ်းပြန်လည်ထုတ်လုပ်ပြီး မုံရွာဂွမ်းစောင်ကိုဈေးနှုန်းချိုသာစွာနဲ့ ပြန်လည် ထုတ်လုပ် ရောင်းချ နေတာ ဖြစ်ပါတယ် ။
အဲဒီလို ထုတ်လုပ်မှုတွေရှိခဲ့ပေမယ့် လက်တွေ့မှာ ဈေးကွက်မြင့်တင်ဖို့နဲ့ နိုင်ငံတကာ ဈေးကွက်ကို ရင်ဘောင်တန်းနိုင်ဖို့ အစိုးရအနေနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ မုံရွာစောင် ထုတ်လုပ်သူတွေက ပြောပါတယ် ။


Sound Bite ဦးခင်မောင်ညို (ချည်မျှင်နှင့်အထည်လိပ်လုပ်ငန်းရှင်အသင်း ဥက္ကဌ)
မုံရွာစက်မှုဇုန်


မုံရွာဂွမ်းစောင်ဟာ အနွေးဓာတ်ပိုမိုကောင်းမွန်ပြီး ဈေးနှုန်းလဲသက်သာတဲ့အတွက် အခြေခံလူတန်းစားတွေ အများဆုံး အသုံးပြုကြတာ ဖြစ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အတွက် တိုင်းနဲ့ပြည်နယ် အသီးသီးက ဝယ်ယူမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ် ။


Sound Bite မဌေးဌေးဦး (မုံရွာစောင်အသုံးပြုသူ)
မုံရွာမြို့


လက်ရှိမုံရွာဂွမ်းစောင်ကို အနိမ့်ဆုံးဈေးနှုန်း ၁၇၀ဝကျပ်ကနေ အများဆုံး ၄၀ဝ၀ ဝန်းကျင်ဈေးနှုန်းနဲ့ ရှမ်းပြည်နယ်ကို နွေမိုးဆောင်း တင်ပို့ရောင်းချနေရပြီး ကျန်ဒေသတွေကို ဆောင်းဝင်ကာနီးအချိန်တွေမှသာ အများဆုံးတင်ပို့ရောင်းချပေးနေရတာ လည်းဖြစ်ပါတယ် ။


Sound Bite ဦးသန့်ဇင် (စောင်ထုတ်လုပ်သူ-မုံရွာစက်မှုဇုန်)
အဲဒီဂွမ်းစောင်တွေကို ပြည်ပဈေးကွက်အနေနဲ့ တမူးမြို့နယ်စပ် မိုရေးမြို့ကနေအိန္ဒိယ ဈေးကွက်နဲ့ ရခိုင်ပြည်နယ်ကနေ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ် ။ ပြည်တွင်းဈေးကွက်အနေနဲ့ မြစ်ကြီးနား ၊ဖားကန့် ၊မန္တလေး၊တောင်ကြီး၊လားရှိုးမြို့တွေကို အများဆုံး တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။