ဂျာမနီ အမှတ်ပေးပြိုင်ပွဲ ရာသီအစပွဲစဉ် ၈ ပွဲစလုံး ဂိုးသွင်းစံချိန်ကို လိုက်မီသွားတဲ့ လီဝမ်ဒေ့ါစကီး

0
37

အောစ်ဘတ်နဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ဂျာမနီအမှတ်ပေးပြိုင်ပွဲ ရာသီအစပွဲစဉ် ၈ ပွဲစလုံး ဂိုးသွင်းယူနိုင်တဲ့ ဒေါ့မွန် တိုက်စစ်မှူးဟောင်း အူဘာမီယမ်းရဲ့ စံချိန်ကို လိုက်မီသွားပါတယ်။

လီဝမ်ဒေါ့စကီးဟာ လက်ရှိရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲအရပ်ရပ်မှာ ဂိုးပေါင်း ၁၆ ဂိုး သွင်းယူပေးထားပြီး အကောင်းဆုံး ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေ့ါစကီးဟာ လာမယ့် သီတင်းပတ်အတွင်း ကစားမယ့် ယူနီယံ ဘာလင်နဲ့ ကစားမယ့်ပွဲမှာ ဂိုးသွင်းယူနိုင်မယ်ဆိုရင် ဂျာမနီ အမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ဘယ်ကစာသမားမှ မရခဲ့ဘူးတဲ့ ရာသီအဖွင့်ပွဲစဉ် ၉ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကို ရရှိမှာပါ။ 

လီဝမ်ဒေါ့စကီးဟာ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ် အသင်းသမိုင်း တစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အတွက် ပွဲပေါင်း ၂၅၄ ပွဲမှာ ဂိုးပေါင်း ၂၀၇ ဂိုး သွင်းယူထားနိုင်ပါတယ်။

ဂျာမနီ အမှတ်ပေးပြိုင်ပွဲ ရာသီအစပွဲစဉ် ၈ ပွဲစလုံး ဂိုးသွင်းစံချိန်ကို လိုက်မီသွားတဲ့ လီဝမ်ဒေါ့စကီး

အောစ်ဘတ်နဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ဂျာမနီအမှတ်ပေးပြိုင်ပွဲ ရာသီအစပွဲစဉ် ၈ ပွဲစလုံး ဂိုးသွင်းယူနိုင်တဲ့ ဒေါ့မွန် တိုက်စစ်မှူးဟောင်း အူဘာမီယမ်းရဲ့ စံချိန်ကို လိုက်မီသွားပါတယ်။

လီဝမ်ဒေါ့စကီးဟာ လက်ရှိရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲအရပ်ရပ်မှာ ဂိုးပေါင်း ၁၆ ဂိုး သွင်းယူပေးထားပြီး အကောင်းဆုံး ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ လာမယ့် သီတင်းပတ်အတွင်း ကစားမယ့် ယူနီယံ ဘာလင်နဲ့ ကစားမယ့်ပွဲမှာ ဂိုးသွင်းယူနိုင်မယ်ဆိုရင် ဂျာမနီ အမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ဘယ်ကစာသမားမှ မရခဲ့ဘူးတဲ့ ရာသီအဖွင့်ပွဲစဉ် ၉ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကို ရရှိမှာပါ။

လီဝမ်ဒေါ့စကီးဟာ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ် အသင်းသမိုင်း တစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အတွက် ပွဲပေါင်း ၂၅၄ ပွဲမှာ ဂိုးပေါင်း ၂၀၇ ဂိုး သွင်းယူထားနိုင်ပါတယ်။