ဂ်ပန္အေနာက္ပိုင္းမွာ မုိးသည္းထန္စြာ ရြာလို႔ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းဖို႔ သတိေပး

0
23

ဂ်ပန္ႏိုင္ငံ အေနာက္ပိုင္းက ေဒသေတြမွာ မိုးအႀကီးအက်ယ္ ႐ြာသြန္းတာေၾကာင့္ ေျမၿပိဳမႈေတြ၊ ေရလႊမ္းမိုးမႈေတြ ျဖစ္ႏိုင္တယ္လို႔ ဂ်ပန္ မုိးေလဝသ တာဝန္ရွိသူေတြက သတိေပးထားပါတယ္။

ဟီ႐ိုရွီးမားနဲ႔ ဖူကုအိုက ခ႐ိုင္က တခ်ိဳ႕ေနရာေတြမွာ ေဒသႏၲရအရာရွိေတြက ေဘးလြတ္ရာကို တိမ္းေရွာင္ေရး အမိန္႔ေတြ ထုတ္ျပန္ထားၿပီး ဒီအမိန္႔ဟာ လူေပါင္း ၁၆၈၀၀၀ နဲ႔ အႀကံဳးဝင္ပါတယ္။

ဟီ႐ိုရွီးမားခ႐ိုင္မွာ ဖုကုအိုက၊ ဆာဂါ၊ ကိုခ်ိနဲ႔ တိုကုရွီးမားၿမိဳ႕ေတြက အာဏာပိုင္ေတြဟာ အဲဒီၿမိဳ႕ေတြက ေနထိုင္သူတခ်ိဳ႕ကို ေျပာင္းေ႐ႊ႕ၾကဖို႔ ေျပာခဲ့ပါတယ္။ က်ဴးရွဴးကြၽန္း ေျမာက္ပိုင္း ဖူကုအိုကခ႐ိုင္က ခူ႐ူမဲၿမိဳ႕နဲ႔ အာဆခူရာ ၿမိဳ႕ေတြက ေနရာအခ်ိဳ႕နဲ႔ ခ်ီကုဇန္ တစ္ၿမိဳ႕လုံးမွာ တိမ္းေရွာင္ေရး သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ဂျပန်အနောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာလို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ သတိပေး

ဂျပန်နိုင်ငံ အနောက်ပိုင်းက ဒေသတွေမှာ မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် မြေပြိုမှုတွေ၊ ရေလွှမ်းမိုးမှုတွေ ဖြစ်နိုင်တယ်လို့ ဂျပန် မိုးလေဝသ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဟီရိုရှီးမားနဲ့ ဖူကုအိုက ခရိုင်က တချို့နေရာတွေမှာ ဒေသန္တရအရာရှိတွေက ဘေးလွတ်ရာကို တိမ်းရှောင်ရေး အမိန့်တွေ ထုတ်ပြန်ထားပြီး ဒီအမိန့်ဟာ လူပေါင်း ၁၆၈၀ဝ၀ နဲ့ အကြုံးဝင်ပါတယ်။

ဟီရိုရှီးမားခရိုင်မှာ ဖုကုအိုက၊ ဆာဂါ၊ ကိုချိနဲ့ တိုကုရှီးမားမြို့တွေက အာဏာပိုင်တွေဟာ အဲဒီမြို့တွေက နေထိုင်သူတချို့ကို ပြောင်းရွှေ့ကြဖို့ ပြောခဲ့ပါတယ်။ ကျူးရှူးကျွန်း မြောက်ပိုင်း ဖူကုအိုကခရိုင်က ခူရူမဲမြို့နဲ့ အာဆခူရာ မြို့တွေက နေရာအချို့နဲ့ ချီကုဇန် တစ်မြို့လုံးမှာ တိမ်းရှောင်ရေး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။