ဂ်ပန္လြတ္ေတာ္ေရြးေကာက္ပြဲ မွာ ဝန္ႀကီးခ်ဳပ္ အာေဘးရဲ႕ ပါတီ အႏုိင္ရဖုိ႔မ်ား

0
319

ဂ်ပန္ဝန္ႀကီးခ်ဳပ္ရွင္ဇုိအာေဘး ဦးေဆာင္တဲ့ LDP  ပါတီ ကို ဆႏၵမဲေပးသူတစ္ဝက္ေက်ာ္က ႏွစ္သက္မႈမရွိေပမယ္လည္း ဝန္ႀကီးခ်ဳပ္ရဲ႕ ပါတီဟာ  ေရြးေကာက္ပြဲမွာ အႏိုင္ရဖုိ႔အလားလာမ်ားေနတယ္လုိ႔ စစ္တမ္းေတြကေဖာ္ျပပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးဟာ  တုိက်ိဳၿမိဳ႕ေတာ္ဝန္ ယူရီကိုကိုအီကီ ဦးေဆာင္တဲ့ပါတီ နဲ႔ အဓိက ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး  LDP ပါတီ ဟာ ကိုယ္စားလွယ္ ၄၆၅ဦးရွိတဲ့ လြတ္ေတာ္အတြက္ ေရြးေကာက္ပြဲမွာ  ၂၈၁ ေနရာနဲ႔ ၃၃၀ ေနရာၾကားအႏုိင္ရဖို႔မ်ားပါတယ္။

ဒါအျပင္ ပါတီငယ္တစ္ခုျဖစ္တဲ့  ကီမီအီတုိ  ဦးေဆာင္တဲ့ပါတီ ဟာလည္း ေရြးေကာက္ပြဲမွာေနရာ ၃၃ ေနရာအထိ အႏုိင္ရဖုိ႔မ်ားေနပါတယ္။

ရွင္ဇုိအာေဘးဦးေဆာင္တဲ့ပါတီ ဟာ လြတ္ေတာ္ကိုယ္စားလွယ္ ၃ ပံု ၂ ပံုမွာအႏုိင္ခဲ့မယ္ဆုိပါက အစိုးရဖြဲ႔ႏုိင္ဖို႔အလားလာရွီေနတယ္လို႔ မီယာနီခ်ီ သတင္းစာစစ္တမ္းမွာေဖာ္ျပခဲ့ပါတယ္။

ဆႏၵမဲေပးမယ္သူ ၄၇ ရာခိုင္ႏႈန္းဟာဝန္ႀကီးခ်ဳပ္ရွင္ဇုိအာေဘးအေပၚ ႏွစ္သက္မရွိဘဲ အာေဘးကို ၃၇ ရာခိုင္ႏႈန္းသာ ႏွစ္သက္ေနတယ္လို႔ စစ္တမ္းကေဖာ္ျပခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်လွတ်တော်ရွေးကောက်ပွဲ မှာ ဝန်ကြီးချုပ် အာဘေးရဲ့ ပါတီ အနိုင်ရဖို့များ

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ဦးဆောင်တဲ့ LDP ပါတီ ကို ဆန္ဒမဲပေးသူတစ်ဝက်ကျော်က နှစ်သက်မှုမရှိပေမယ်လည်း ဝန်ကြီးချုပ်ရဲ့ ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အလားလာများနေတယ်လို့ စစ်တမ်းတွေကဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ တိုကျိုမြို့တော်ဝန် ယူရီကိုကိုအီကီ ဦးဆောင်တဲ့ပါတီ နဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး LDP ပါတီ ဟာ ကိုယ်စားလှယ် ၄၆၅ဦးရှိတဲ့ လွတ်တော်အတွက် ရွေးကောက်ပွဲမှာ ၂၈၁ နေရာနဲ့ ၃၃၀ နေရာကြားအနိုင်ရဖို့များပါတယ်။

ဒါအပြင် ပါတီငယ်တစ်ခုဖြစ်တဲ့ ကီမီအီတို ဦးဆောင်တဲ့ပါတီ ဟာလည်း ရွေးကောက်ပွဲမှာနေရာ ၃၃ နေရာအထိ အနိုင်ရဖို့များနေပါတယ်။
ရှင်ဇိုအာဘေးဦးဆောင်တဲ့ပါတီ ဟာ လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံမှာအနိုင်ခဲ့မယ်ဆိုပါက အစိုးရဖွဲ့နိုင်ဖို့အလားလာရှီနေတယ်လို့ မီယာနီချီ သတင်းစာစစ်တမ်းမှာဖော်ပြခဲ့ပါတယ်။

ဆန္ဒမဲပေးမယ်သူ ၄၇ ရာခိုင်နှုန်းဟာဝန်ကြီးချုပ်ရှင်ဇိုအာဘေးအပေါ် နှစ်သက်မရှိဘဲ အာဘေးကို ၃၇ ရာခိုင်နှုန်းသာ နှစ်သက်နေတယ်လို့ စစ်တမ်းကဖော်ပြခဲ့ပါတယ်။