ဂ်ပန္နဲ႔ သေဘာတူထားတဲ့ ေထာက္လွမ္းေရး အခ်က္လက္ဖလွယ္ေရးကေန ေတာင္ကိုရီးယား ႏုတ္ထြက္မယ္

0
32

ဂ်ပန္နဲ႔ သေဘာတူညီထားတဲ့  ေထာက္လွမ္းေရး သတင္းအခ်က္အလက္ ဖလွယ္ေရး သေဘာတူညီခ်က္ကေန ႏုတ္ထြက္မယ္လို႔ ေတာင္ကိုရီးယား အစိုးရက  ေျပာပါတယ္။

စစ္ဘက္ သတင္းအခ်က္အလက္ဆိုင္ရာ အေထြေထြ လုံၿခဳံေရး သေဘာတူညီခ်က္ (GSOMIA) ကို ၂၀၁၆ ခုႏွစ္မွာ လက္မွတ္ေရးထိုး ၿပီးကတည္းက ႏွစ္စဥ္သက္တမ္းတိုးလာခဲ့ပါတယ္။

ဂ်ပန္က ပို႔ကုန္ထိန္းခ်ဳပ္မႈ တင္းက်ပ္ခဲ့တဲ့အေပၚ ႏွစ္ႏိုင္ငံဆက္ဆံေရး ဆိုး႐ြားလာေနတဲ့ အၾကား ေတာင္ကိုရီးယားမွာ ဒီသေဘာတူညီခ်က္ကို ရပ္ဆိုင္းဖို႔ ေတာင္းဆိုမႈတခ်ိဳ႕ ရွိလာခဲ့ၿပီး အခုလို ဆုံးျဖတ္ခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

ဂျပန်နဲ့ သဘောတူထားတဲ့ ထောက်လှမ်းရေး အချက်လက်ဖလှယ်ရေးကနေ တောင်ကိုရီးယား နုတ်ထွက်မယ်


ဂျပန်နဲ့ သဘောတူညီထားတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် ဖလှယ်ရေး သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။


စစ်ဘက် သတင်းအချက်အလက်ဆိုင်ရာ အထွေထွေ လုံခြုံရေး သဘောတူညီချက် (GSOMIA) ကို ၂၀၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုး ပြီးကတည်းက နှစ်စဉ်သက်တမ်းတိုးလာခဲ့ပါတယ်။


ဂျပန်က ပို့ကုန်ထိန်းချုပ်မှု တင်းကျပ်ခဲ့တဲ့အပေါ် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာနေတဲ့ အကြား တောင်ကိုရီးယားမှာ ဒီသဘောတူညီချက်ကို ရပ်ဆိုင်းဖို့ တောင်းဆိုမှုတချို့ ရှိလာခဲ့ပြီး အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။