
0
67




ဂျပန်နဲ့ ပွဲမှာ ပရိတ်သတ်တွေ စိတ်မပျက်အောင် ကြိုးစားမယ်လို့ မြန်မာနည်းပြ ချုပ်ပြော


ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ဂျပန်နဲ့ ပွဲစဉ်မှာ ပရိတ်သတ်တွေ စိတ်မပျက်အောင် ကြိုးစားမယ်လို့ မြန်မာ အသင်း နည်းပြချုပ် ရာဂျူလိုဗစ်က ပြောပါတယ်။


ကစားသမားအကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းကြီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အခုပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်မှာ သေချာတယ်လို့ နည်းပြချုပ်က ပြောပါတယ်။


ယှဉ်ပြိုင်မယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အိမ်ရှင်မြန်မာအသင်းနဲ့ ဂျပန်အသင်းဟာ သုဝဏ္ဍ အားကစားကွင်းမှာ ဒီကနေ့ ညနေ ၆ နာရီ ၅၀ မိနစ်မှာ ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။