ဂ်က္ဖရီ အက္ပ္စတိန္း လည္ပင္း႐ိုးေတြ က်ိဳးေနတာ ေတြ႔ရွိရ

0
98

ခြဲစိတ္စစ္ေဆးမႈအရ အေမရိကန္ သန္းၾကြယ္သူေဌးႀကီး ဂ်က္ဖရီ အက္ပ္စတိန္းရဲ႕ လည္ပင္႐ိုးေတြ အပိုင္းပိုင္က်ိဳးေနတယ္လို႔ ေတြ႔ရွိခဲ့ရပါတယ္။

အက္ပ္စတိန္းကို မန္ဟက္တန္ရွိ မက္ထ႐ိုပိုလီတန္ အက်ဥ္းစခန္း အထူးခန္းမွာ ထိန္းသိမ္းထားခဲ့တာ ျဖစ္ပါတယ္။ ၾသဂုတ္လ ၁၀ ရက္ေန႔ မနက္ပိုင္းက အက္ပ္စတိန္း ဆြဲႀကိဳးခ် ေသဆံုးေနတာကို ေတြ႔ရွိခဲ့ၾကတာပါ။ သက္ငယ္မုဒိမ္းမႈနဲ႔ စစ္ေဆးဖို႔ ထိန္းသိမ္းခံထားရတဲ့ နာမည္ေက်ာ္ သူေဌးႀကီး ေသဆံုးမႈကို အမႈဖြင့္စစ္ေဆးခဲ့တဲ့ ေရွ႕ေနခ်ဳပ္ ဝီလ်ံ ဘားက အခုေသဆံုးမႈဟာ သတ္ေသမႈအျဖစ္ ထင္ရွားတယ္လို႔ ေျပာပါတယ္။  

သမၼတ ေဒၚနယ္ ထရမ့္နဲ႔ သမၼတေဟာင္း ဘီလ္ ကလင္တန္တို႔ရဲ႕ မိတ္ေဆြေဟာင္း ျဖစ္သူ အသက္ ၆၆ ႏွစ္အရြယ္ အက္ပ္စတိန္းဟာ ၂၀၀၅ ခုႏွစ္ ေနာက္ပိုင္းမွာ အသက္ ၁၄ ႏွစ္အရြယ္ အပါအဝင္ အသက္မျပည့္ေသးတဲ့ မိန္းကေလးေတြကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားခဲ့ေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ပါတယ္။ ဖေလာ္ရီဒါနဲ႔ နယူးေယာက္တို႔မွာ လိင္ကုန္ကူးမႈ လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အက္ပ္စတိန္းကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၆ ရက္မွာ ဖမ္းဆီးခဲ့ပါတယ္။

ဂျက်ဖရီ အက်ပ်စတိန်း လည်ပင်းရိုးတွေ ကျိုးနေတာ တွေ့ရှိရ

ခွဲစိတ်စစ်ဆေးမှုအရ အမေရိကန် သန်းကြွယ်သူဌေးကြီး ဂျက်ဖရီ အက်ပ်စတိန်းရဲ့ လည်ပင်ရိုးတွေ အပိုင်းပိုင်ကျိုးနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

အက်ပ်စတိန်းကို မန်ဟက်တန်ရှိ မက်ထရိုပိုလီတန် အကျဉ်းစခန်း အထူးခန်းမှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက အက်ပ်စတိန်း ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာပါ။ သက်ငယ်မုဒိမ်းမှုနဲ့ စစ်ဆေးဖို့ ထိန်းသိမ်းခံထားရတဲ့ နာမည်ကျော် သူဌေးကြီး သေဆုံးမှုကို အမှုဖွင့်စစ်ဆေးခဲ့တဲ့ ရှေ့နေချုပ် ဝီလျံ ဘားက အခုသေဆုံးမှုဟာ သတ်သေမှုအဖြစ် ထင်ရှားတယ်လို့ ပြောပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်နဲ့ သမ္မတဟောင်း ဘီလ် ကလင်တန်တို့ရဲ့ မိတ်ဆွေဟောင်း ဖြစ်သူ အသက် ၆၆ နှစ်အရွယ် အက်ပ်စတိန်းဟာ ၂၀ဝ၅ ခုနှစ် နောက်ပိုင်းမှာ အသက် ၁၄ နှစ်အရွယ် အပါအဝင် အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဖလော်ရီဒါနဲ့ နယူးယောက်တို့မှာ လိင်ကုန်ကူးမှု လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အက်ပ်စတိန်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။