ဂုတ်တွင်း ယာယီ ဘေလီတံတား ကပ်လျက်မှာ နှစ်လမ်းသွား တံတား အမြန်ဆုံး တည်ဆောက်မယ်

0
71




ဂုတ်တွင်း ယာယီ ဘေလီတံတား ကပ်လျက်မှာ နှစ်လမ်းသွား သံကူကွန်ကရစ် တံတား အမြန်ဆုံး တည်ဆောက်မယ်


ဂုတ်တွင်း ယာယီ ဘေလီတံတားနဲ့ အပြိုင် ကပ်လျှက်မှာ နှစ်လမ်းသွား သံကူကွန်ကရစ် တံတား တစ်စင်းကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်ဆောင်နေပါတယ်။


ပျက်စီးသွားတဲ့ ဂုတ်တွင်း တံတားဟောင်းရဲ့ ကျိုးသွားတဲ့ သံကူ ကွန်ကရစ် ယက်မတွေ အစားထိုးခြင်းနဲ့ ပျက်စီးသွားတဲ့ တံတားတိုင်တွေ အသစ် ပြန်လည်တည်ဆောက်ခြင်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး ခိုင်မာတောင့်တင်းတဲ့ တံတားတစ်စင်း ရရှိလာမှာ ဖြစ်ပါတယ်။


ဂုတ်တွင်း တံတားအသစ် တည်ဆောက်ပြီးစီးတာနဲ့ လက်ရှိ အသုံးပြုနေတဲ့ ယာယီ ဘေလီတံတားကို ဖြုတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။