ဂုတ္တြင္း တံတားကို ဒီကေန႔ ညေနပိုင္းမွာ ျဖတ္သန္းခြင့္ျပဳမယ္

0
84

ေျမာက္ပိုင္း လက္နက္ကိုင္ သံုးဖြဲ႔ မိုင္းခြဲ ဖ်က္ဆီးခဲ့တဲ့ ဂုတ္တြင္းတံတားကို ဒီကေန႔ ၾသဂုတ္ ၂၀ ရက္ေန႔မွာ ဖြင့္လွစ္ႏိုင္ဖို႔ အျမန္ဆံုး ေဆာင္ရြက္ေနၿပီး ညေနပိုင္းမွာ ျဖတ္သန္းသြားလာခြင့္ ေပးသြားဖို႔ လုပ္ေနတယ္လို႔ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက လမ္း/တံတား အင္ဂ်င္နီယာေတြ၊ ကၽြမ္းက်င္လုပ္သား အင္အား ၂၀၀ ေက်ာ္နဲ႔ အၿပီးေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ စက္/ယာဥ္ ယႏၲရားေတြ၊ တံတားခ်ဥ္းကပ္လမ္း ခင္းျခင္း လုပ္ငန္းေတြနဲ႔ တံတားသံေဘာင္ မူလီေတြ ၾကပ္တဲ့ လုပ္ငန္းေတြကို အျမန္ ေဆာင္ရြက္ေနတာပါ။

တံတားရဲ႕ အေလးခံႏိုင္ဝန္ စမ္းသပ္ စစ္ေဆးၿပီးပါက အိမ္စီးကားေတြ၊ ခရီးသည္တင္ကားေတြနဲ႔ ကုန္ကား (ယာဥ္+ကုန္= ၃၆ တန္) ေတြကို အခုညေနပိုင္းမွာ စနစ္တက် ျဖတ္သန္းခြင့္ျပဳမွာ ျဖစ္တယ္လို႔  ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဂုတ်တွင်း တံတားကို ဒီကနေ့ ညနေပိုင်းမှာ ဖြတ်သန်းခွင့်ပြုမယ်


မြောက်ပိုင်း လက်နက်ကိုင် သုံးဖွဲ့ မိုင်းခွဲ ဖျက်ဆီးခဲ့တဲ့ ဂုတ်တွင်းတံတားကို ဒီကနေ့ သြဂုတ် ၂၀ ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်နေပြီး ညနေပိုင်းမှာ ဖြတ်သန်းသွားလာခွင့် ပေးသွားဖို့ လုပ်နေတယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနက လမ်း/တံတား အင်ဂျင်နီယာတွေ၊ ကျွမ်းကျင်လုပ်သား အင်အား ၂၀ဝ ကျော်နဲ့ အပြီးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စက်/ယာဉ် ယန္တရားတွေ၊ တံတားချဉ်းကပ်လမ်း ခင်းခြင်း လုပ်ငန်းတွေနဲ့ တံတားသံဘောင် မူလီတွေ ကြပ်တဲ့ လုပ်ငန်းတွေကို အမြန် ဆောင်ရွက်နေတာပါ။
တံတားရဲ့ အလေးခံနိုင်ဝန် စမ်းသပ် စစ်ဆေးပြီးပါက အိမ်စီးကားတွေ၊ ခရီးသည်တင်ကားတွေနဲ့ ကုန်ကား (ယာဉ်+ကုန်= ၃၆ တန်) တွေကို အခုညနေပိုင်းမှာ စနစ်တကျ ဖြတ်သန်းခွင့်ပြုမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။