ဂုတ္တြင္းတံတားကုိ ေဘလီတံတားနဲ႔ အစားထုိးတည္ေဆာက္ေန

0
75

ၾသဂုတ္လ ၁၅ ရက္ေန႔က မုိင္းခြဲဖ်က္ဆီးခံရတဲ့ မႏၱေလး – လားရႈိး​ ​- မူဆယ္ နယ္စပ္ကုန္သြယ္ေရး ကားလမ္း ျပင္ဦးလြင္ – ေနာင္ခ်ဳိအပို္င္းရွိ ဂုတ္တြင္းတံတားကုိ ေဘလီတံတားနဲ႔ ယာယီအစားထုိး တည္ေဆာက္ေနေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီ တံတားဟာ မူဆယ္ – ေရႊလီနဲ႔ ခ်င္းေရႊေဟာ္ – မိန္းတိန္နယ္စပ္ ကုန္သြယ္ေရး စခန္းႏွစ္ခုတုိ႔က အားထားေနရတာ ျဖစ္ၿပီး လက္ရွိမွာ တ႐ုတ္နုိင္ငံနဲ႔ တစ္ေန႔ကုိ ေဒၚလာ ၁၅ သန္းဖုိးခန္႔ ကုန္သြယ္မႈ ျပဳလုပ္ေနတာလည္း ျဖစ္ၿပီး ကားအစီးေရ ၅၀၀၀ ေက်ာ္ ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

လက္ရွိမွာ အဲဒီတံတားကုိ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန႐ံုးခ်ဳပ္မွာ တံတားဦးစီးဌာနတုိ႔ရဲ႕ ႀကီးၾကပ္မႈနဲ႔ တံတားအထူးအဖြဲ႕၂၊ ၄၊ ၆ တုိ႔က အလ်ားေပ ၂၁၀ ရွိ ႏွစ္လမ္းသြား ေဘလီတံတားကုိ ငါးရက္အတြင္း အၿပီး တည္ေဆာက္သြားမွာလည္း ျဖစ္ပါတယ္။

ဂုတ်တွင်းတံတားကို ဘေလီတံတားနဲ့ အစားထိုးတည်ဆောက်နေ


သြဂုတ်လ ၁၅ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရတဲ့ မန္တလေး – လားရှိုး​ ​- မူဆယ် နယ်စပ်ကုန်သွယ်ရေး ကားလမ်း ပြင်ဦးလွင် – နောင်ချိုအပိ်ုင်းရှိ ဂုတ်တွင်းတံတားကို ဘေလီတံတားနဲ့ ယာယီအစားထိုး တည်ဆောက်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


အဲဒီ တံတားဟာ မူဆယ် – ရွှေလီနဲ့ ချင်းရွှေဟော် – မိန်းတိန်နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုတို့က အားထားနေရတာ ဖြစ်ပြီး လက်ရှိမှာ တရုတ်နိုင်ငံနဲ့ တစ်နေ့ကို ဒေါ်လာ ၁၅ သန်းဖိုးခန့် ကုန်သွယ်မှု ပြုလုပ်နေတာလည်း ဖြစ်ပြီး ကားအစီးရေ ၅၀ဝ၀ ကျော် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။


လက်ရှိမှာ အဲဒီတံတားကို ဆောက်လုပ်ရေး ဝန်ကြီးဌာနရုံးချုပ်မှာ တံတားဦးစီးဌာနတို့ရဲ့ ကြီးကြပ်မှုနဲ့ တံတားအထူးအဖွဲ့၂၊ ၄၊ ၆ တို့က အလျားပေ ၂၁၀ ရှိ နှစ်လမ်းသွား ဘေလီတံတားကို ငါးရက်အတွင်း အပြီး တည်ဆောက်သွားမှာလည်း ဖြစ်ပါတယ်။