ဂိမ္းထဲက Item ဝယ္ယူတာေတြ One Pay Application ကိုအသံုးျပဳဝယ္ယူႏိုင္မယ္

0
44

ျမန္မာႏိုင္ငံက ဂိမ္းကစားတဲ့ လူငယ္ေတြ အဓိက လိုအပ္ခ်က္ျဖစ္တဲ့ ဂိမ္းထဲက Item ေတြ ဝယ္ယူတာကို One Pay application အသံုးျပဳ ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေသာ္တာတိုးက ေပးပို႔ထားပါတယ္။

ဂိမ္းကစားတဲ့ လူငယ္ေတြအတြက္ ဂိမ္းထဲက Item ေတြ ဝယ္ယူတာ၊ ေငြေပးေခ်တာေတြကို One Pay ကေန ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ 

ဒါ့အျပင္ One Pay Appication ကို MPUကဒ္ေတြ၊ Visa ကဒ္ေတြအျပင္ Master card ေတြနဲ႔ပါ ခ်ိတ္ဆက္အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

Soundbite – ေအာင္ေဇယ်ာမ်ိဳး(Deputy Managing Director)

One Pay

ဂိမ္းေဆာ့တဲ့သူေတြအေနနဲ႔ Game  Item ၀ယ္ယူရာမွာ အရင္က အခက္အခဲမ်ားစြာရွိခဲ့တာပါ ။ အခုလက္ရွိမွာေတာ့  One Pay Appication ကုိအသုံးျပဳၿပီး တုိက္ရုိက္၀ယ္ယူႏုိင္မွာျဖစ္တာေၾကာင့္ ဂိမ္း Player ေတြအေနနဲ႔ လြယ္ကူစြာ အသုံးျပဳနုိင္ေတာ့မွာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ ပေရာ္ဖက္ရွင္နယ္  ဂိမ္း Player ေတြအေနနဲ႔ ဆုေၾကးေငြကုိ အဲဒီ One Pay Appication ကေန တဆင့္  အလြယ္တကူ ထုတ္ယူရရွိနုိင္ေတာ့မွာလည္း ျဖစ္ပါတယ္။ 

Soundbite – ေအာင္ေဇယ်ာမ်ိဳး(Deputy Managing Director)

One Pay

One Pay Application ကို အသံုးျပဳၿပီး ဂိမ္းထဲက Item ေတြ ဝယ္ယူနုိင္မယ့္အျပင္  ခရီးသြား လက္မွတ္ဝယ္ယူတာေတြ၊ Gym booking လုပ္တာေတြ အားကစားလက္မွတ္ ဝယ္ယူတာေတြကလလည္း လုပ္ေဆာင္ႏိုင္မွာ ျဖစ္တယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။

မြန်မာနိုင်ငံက ဂိမ်းကစားတဲ့ လူငယ်တွေ အဓိက လိုအပ်ချက်ဖြစ်တဲ့ ဂိမ်းထဲက Item တွေ ဝယ်ယူတာကို One Pay application အသုံးပြု ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

ဂိမ်းကစားတဲ့ လူငယ်တွေအတွက် ဂိမ်းထဲက Item တွေ ဝယ်ယူတာ၊ ငွေပေးချေတာတွေကို One Pay ကနေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် One Pay Appication ကို MPUကဒ်တွေ၊ Visa ကဒ်တွေအပြင် Master card တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Soundbite – အောင်ဇေယျာမျိုး(Deputy Managing Director)
One Pay

ဂိမ်းဆော့တဲ့သူတွေအနေနဲ့ Game Item ဝယ်ယူရာမှာ အရင်က အခက်အခဲများစွာရှိခဲ့တာပါ။ အခုလက်ရှိမှာတော့ One Pay Appication ကိုအသုံးပြုပြီး တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်တာကြောင့် ဂိမ်း Player တွေအနေနဲ့ လွယ်ကူစွာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပရော်ဖက်ရှင်နယ် ဂိမ်း Player တွေအနေနဲ့ ဆုကြေးငွေကို အဲဒီ One Pay Appication ကနေ တဆင့် အလွယ်တကူ ထုတ်ယူရရှိနိုင်တော့မှာလည်း ဖြစ်ပါတယ်။

Soundbite – အောင်ဇေယျာမျိုး(Deputy Managing Director)
One Pay

One Pay Application ကို အသုံးပြုပြီး ဂိမ်းထဲက Item တွေ ဝယ်ယူနိုင်မယ့်အပြင် ခရီးသွား လက်မှတ်ဝယ်ယူတာတွေ၊ Gym booking လုပ်တာတွေ အားကစားလက်မှတ် ဝယ်ယူတာတွေကလလည်း လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်ခင်ဗျာ။