
0
76




ဂိတ်နှစ်ခုကို ဖောက်ထွက်မောင်းနှင်တဲ့ ကားသူခိုးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး


ကျောက်ဆည်မြို့က ပါဂျဲရိုးကားတစ်စီးကို ခိုးယူမောင်းနှင်လာသူတစ်ဦးဟာ ရဲတပ်ဖွဲ့ ဝင်တွေ ပိတ်ဆို့ထားတဲ့ ဂိတ်နှစ်ခုကို ဖောက်ထွက်မောင်းနှင်ခဲ့တဲ့ ကားသူခိုးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။


စက်တင်ဘာ ၄ ရက်နေ့က ပဲခူးက မိသားစုတစ်စုဟာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ကို ဘုရားဖူး လာစဉ် ယာဉ်ကိုစက်နှိုးထားရာ အဲ့ဒီယာဉ်ကို အသက် (၂၇) အရွယ်ရှိ အမျိုးသား တစ်ဦးက ခိုးယူ မောင်းနှင်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ကားခိုးယူသူကို တားဆီး ပိတ်ဆို့ကာ၊ ကားဘီး နဲ့ ယာဉ်ကို ၁၀ချက် ပစ်ခတ်ပြီး ကားခိုးသူဖမ်းဆီးခဲ့ကြောင်းနဲ့ ဖမ်းဆီးမှုမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ရဲအ ရာရှိ စုစုပေါင်း ၁၂ ဦးကို လာမယ့် ရဲတပ်ဖွဲ့နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး အစီအစဉ်နဲ့ ဆုပေးဖို့ လည်းစီစဉ်ထားတာဖြစ်ပါတယ်။