
0
21




ဂရိကျွန်းအနီး ရေပြင်ထဲက ပလတ်စတစ်အမှိုက်တွေ သိန်းချီ ဖယ်ရှား

ဂရိနိုင်ငံရဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ အန်ဒရို့စ်အနီး ရေပြင်ထဲက သိန်းနဲ့ချီတဲ့ ပလတ်စတစ် အမှိုက်တွေကို နိုင်ငံတကာ NGO တစ်ခုရဲ့ ရေငုပ်သမားတွေက ဆယ်ယူဖယ်ရှားခဲ့ပါတယ်။

အန်ဒရို့စ်ကျွန်းအနီးရှိ ကီလိုဂရမ် ထောင်နဲ့ချီတဲ့ ငါးဖမ်းပိုက် အပျက်တွေကိုလည်း ဖယ်ရှားခဲ့ကြပါတယ်။ သူတို့ဟာ တွေ့ရှိသမျှ အမှိုက်တွေရဲ့ အနည်းငယ်ကိုသာ ဖယ်ရှားနိုင်ခဲ့ကြောင်း ရေငုပ်သမားတွေက ပြောကြပါတယ်။

ဂရိနိုင်ငံဟာ တစ်နှစ်ကို ပလတ်စတစ် အမှိုက် တန် ၇ သိန်းလောက် စွန့်ပစ်နေပြီး လူတစ်ဦးကို အမှိုက် ၆၈ ကီလိုဂရမ်နှုန်း ဖြစ်တယ်လို့ WWF ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ အဲဒီ ပလတ်စတစ် အမှိုက်တွေထဲက တန် ၁၁၅၀ဝ ဟာ ပင်လယ်ထဲကို ရောက်ရှိသွားပြီး ၇၀ ရာခိုင်နှုန်းက ကမ်းခြေတွေမှာ သောင်တင်ကြပါတယ်။