ခ႐ိုနီလုိ႔ အေခၚမခံႏိုင္ေၾကင္း ေဇကမာၻ ဦးခင္ေရႊေျပာ

0
177

ေျမသိမ္းၿပီး ႀကီးပြားခဲ့တာ မဟုတ္တာတဲ့အျပင္ ကိုယ္တုိင္ႀကိဳးစားၿပီး တက္လာတာျဖစ္တာေၾကာင့္ ခ႐ိုနီလို႔ အေခၚမခံႏိုင္ဘူးလုိ႔ ေဇကမာၻ ဦးခင္ေရႊက ေျပာပါတယ္။ မေန႔က ၾသဂုတ္လ ၂၂ ရက္ေန႔ ေတာ္ဝင္ဂါးဒင္း ဟုိတယ္မွာ ျပဳလုပ္တဲ့ ျမန္မာႏုိင္ငံ စီးပြားေရးလုပ္ငန္းရွင္ေတြ အသင္းဖြဲ႔စည္းျခင္း အခမ္းအနားမွာ ေျပာဆုိခဲ့တာပါ။

ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေခၚေတြတဲ့အခ်ိန္မွာ ကြ်န္ေတာ္တုိ႔ကုိ ခရိုနီလို႔ မေခၚဖုိ႔နဲ႔ ခ႐ိုနီလုိ႔ ေခၚခဲ့ပါက အရမ္းနာေၾကာင္း၊ သူ႔အေနနဲ႔ ေျမႀကီးသိမ္းယူခဲ့ၿပီး ႀကီးပြားခဲ့တာ မဟုတ္ေၾကာင္း၊ ကုိယ္တုိင္ႀကိဳးစားၿပီး ေအာက္ေျခက လာခဲ့တာျဖစ္ေၾကာင္း ဦးခင္ေရႊက ေျပာပါတယ္။မိမိတို႔ လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြ၊ စနစ္ေတြ ကြဲေနျခင္းသာရွိၿပီး ဘဏ္လုပ္ငန္းနဲ႔ ေအာင္ျမင္သူ၊ စူပါမားကတ္နဲ႔ ေအာင္ျမင္သူ၊ ေဆာက္လုပ္ေရးနဲ႔ ေအာင္ျမင္သူ၊ IT နဲ႔ ေအာင္ျမင္သူ စသျဖင့္ လုပ္ငန္းအလိုက္ ေအာင္ျမင္ေနၾကတာေၾကာင့္  အတုယူစရာ ေကာင္းတယ္လို႔ ဦးခင္ေရႊက ေျပာပါတယ္။ လက္ရွိမွာ မိမိတုိ႔အေနနဲ႔ စီးပြားေရးနဲ႔ ပက္သတ္ၿပီး မ်က္ရည္ ေတာက္ေတာက္ က်သည္အထိ အခက္အခဲေတြ ရွိေနေၾကာင္းလည္း ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

ခရိုနီလို့ အခေါ်မခံနိုင်ကြေင်း ဇေကမ္ဘာ ဦးခင်ရွှေပြော


မြေသိမ်းပြီး ကြီးပွားခဲ့တာ မဟုတ်တာတဲ့အပြင် ကိုယ်တိုင်ကြိုးစားပြီး တက်လာတာဖြစ်တာကြောင့် ခရိုနီလို့ အခေါ်မခံနိုင်ဘူးလို့ ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။ မနေ့က သြဂုတ်လ ၂၂ ရက်နေ့ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေ အသင်းဖွဲ့စည်းခြင်း အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ခေါ်တွေတဲ့အချိန်မှာ ကျွန်တော်တို့ကို ခရိုနီလို့ မခေါ်ဖို့နဲ့ ခရိုနီလို့ ခေါ်ခဲ့ပါက အရမ်းနာကြောင်း၊ သူ့အနေနဲ့ မြေကြီးသိမ်းယူခဲ့ပြီး ကြီးပွားခဲ့တာ မဟုတ်ကြောင်း၊ ကိုယ်တိုင်ကြိုးစားပြီး အောက်ခြေက လာခဲ့တာဖြစ်ကြောင်း ဦးခင်ရွှေက ပြောပါတယ်။


မိမိတို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ စနစ်တွေ ကွဲနေခြင်းသာရှိပြီး ဘဏ်လုပ်ငန်းနဲ့ အောင်မြင်သူ၊ စူပါမားကတ်နဲ့ အောင်မြင်သူ၊ ဆောက်လုပ်ရေးနဲ့ အောင်မြင်သူ၊ IT နဲ့ အောင်မြင်သူ စသဖြင့် လုပ်ငန်းအလိုက် အောင်မြင်နေကြတာကြောင့် အတုယူစရာ ကောင်းတယ်လို့ ဦးခင်ရွှေက ပြောပါတယ်။ လက်ရှိမှာ မိမိတို့အနေနဲ့ စီးပွားရေးနဲ့ ပက်သတ်ပြီး မျက်ရည် တောက်တောက် ကျသည်အထိ အခက်အခဲတွေ ရှိနေကြောင်းလည်း ဆက်လက် ပြောကြားခဲ့ပါတယ်။