ခႏၶာကိုယ္ ဝေနေၾကာင္း ေျပာတဲ့ ရည္းစားကို ကတ္ေၾကးနဲ႔ထိုးသတ္မႈ ျဖစ္

0
51

တ႐ုတ္ႏိုင္ငံမွာ အမ်ိဳးသမီးတစ္ဦးဟာ ဝတယ္ဆိုၿပီး ေလွာင္ေျပာင္ၿပီး ေခၚတဲ့ ရည္းစားျဖစ္သူကို ကတ္ေၾကးနဲ႔ ထိုးသတ္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဇူမာဒီယန္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္က အဲဒီစံုတြဲဟာ ေရခဲမုန္႔ဝယ္ဖို႔ အျပင္ထြက္လာၾကတာ ျဖစ္ပါတယ္။ ရည္းစားျဖစ္သူက အမ်ိဳးသမီးဟာ အဝလြန္ေနတဲ့အတြက္ ေရခဲမုန္႔ ဝယ္မစားဖို႔ ထပ္ခါတလဲလဲ ေျပာခဲ့ပါတယ္။ အဲဒီလိုနဲ႔ စကားမ်ားရာကေန ေန႔ခင္းေၾကာင္ေတာင္ လမ္းမေပၚမွာ အမ်ိဳးသမီးက ရည္းစားကို ကတ္ေၾကးနဲ႔ ထိုးခဲ့တာ ျဖစ္တယ္လို႔ ရဲက ေျပာပါတယ္။   

ရည္းစားျဖစ္သူဟာ ဒဏ္ရာေၾကာင့္ ေဆး႐ံုေရာက္ၿပီးေနာက္ ေသဆံုးခဲ့လို႔ အမ်ိဳးသမီးကို တ႐ုတ္ရဲက ဖမ္းဆီးခဲ့ပါတယ္။ သူတို႔ႏွစ္ဦး ရည္းစားျဖစ္တာ တစ္လမျပည့္ေသးဘူးလို႔ တ႐ုတ္သတင္းဌာန JSTV က ေဖာ္ျပပါတယ္။ သူ ဝေနတာကို ရည္းစားက ေလွာင္ေျပာင္ၿပီးေနာက္ အမ်ိဳးသမီးက ကတ္ေၾကးတစ္လက္ သြားဝယ္ခဲ့တာလို႔ သတင္းေတြက ေဖာ္ျပပါတယ္။ 

ခန္ဓာကိုယ် ဝနေကြောင်း ပြောတဲ့ ရည်းစားကို ကတ်ကြေးနဲ့ထိုးသတ်မှု ဖြစ်

တရုတ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ ဝတယ်ဆိုပြီး လှောင်ပြောင်ပြီး ခေါ်တဲ့ ရည်းစားဖြစ်သူကို ကတ်ကြေးနဲ့ ထိုးသတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဇူမာဒီယန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီစုံတွဲဟာ ရေခဲမုန့်ဝယ်ဖို့ အပြင်ထွက်လာကြတာ ဖြစ်ပါတယ်။ ရည်းစားဖြစ်သူက အမျိုးသမီးဟာ အဝလွန်နေတဲ့အတွက် ရေခဲမုန့် ဝယ်မစားဖို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ အဲဒီလိုနဲ့ စကားများရာကနေ နေ့ခင်းကြောင်တောင် လမ်းမပေါ်မှာ အမျိုးသမီးက ရည်းစားကို ကတ်ကြေးနဲ့ ထိုးခဲ့တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ရည်းစားဖြစ်သူဟာ ဒဏ်ရာကြောင့် ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့လို့ အမျိုးသမီးကို တရုတ်ရဲက ဖမ်းဆီးခဲ့ပါတယ်။ သူတို့နှစ်ဦး ရည်းစားဖြစ်တာ တစ်လမပြည့်သေးဘူးလို့ တရုတ်သတင်းဌာန JSTV က ဖော်ပြပါတယ်။ သူ ဝနေတာကို ရည်းစားက လှောင်ပြောင်ပြီးနောက် အမျိုးသမီးက ကတ်ကြေးတစ်လက် သွားဝယ်ခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။