ခ်ဲလ္ဆီးကို ကိုင္တြယ္ဖို႔ လမ္းပတ္အသင့္ျဖစ္ေနၿပီလို႔ အသင္းေဖာ္ေဟာင္းဒေရာ့ဘာ ေထာက္ခံ

0
121

ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း ဒီဒီရာဒေရာ့ဘာ က မိမိရဲ႕အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဖရန္႔လမ္းပတ္ ဟာ နည္းျပအေတြ႕အႀကံဳတစ္ႏွစ္သာရွိေသးေပမယ့္  ခ်ဲလ္ဆီးအသင္းရဲ႕နည္းျပအျဖစ္ တာ၀န္ယူဖို႔ အသင့္ျဖစ္ေနေၾကာင္း ေထာက္ခံေျပာၾကားလိုက္ပါတယ္။

လမ္းပတ္ဟာ ယမန္ႏွစ္ေဘာလံုးရာသီက ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီကို တာ၀န္ယူကိုင္တြယ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ရာထူးက ထြက္ခြာေတာ့မယ့္ နည္းျပဆာရီရဲ႕ေနရာကို အစား၀င္ဖုိ႔ ေရပန္းစားေနသူျဖစ္ပါတယ္။

ကြင္းလယ္လူေဟာင္းလမ္းပတ္ဟာ ဒေရာ့ဘာနဲ႔ တြဲဖက္ကစားၿပီး ခ်ဲလ္ဆီးအသင္းအတြက္ ခ်န္ပီယံလိဂ္ဖလားအပါအ၀င္ ေအာင္ျမင္မႈအမ်ားအျပားရယူေပးႏုိင္ခဲ့သူျဖစ္ပါတယ္။ ဒေရာ့ဘာက  ခ်ဲလ္ဆီးကို နည္းျပဖို႔ အသက္ ၄၀ ေက်ာ္၊ ၅၀ အထိေရာက္ေအာင္ ေစာင့္စရာမလုိဘဲနည္းျပရဲ႕အေတြ႕အႀကံဳနဲ႔ ေအာင္ျမင္လိုတဲ့စိတ္ဆႏၵပဲ လိုေၾကာင္း၊ လမ္းပတ္ဟာ အသင့္ျဖစ္ေနတယါလို႔ ေျပာၾကားခဲ့ပါတယ္။

ချဲလ်ဆီးကို ကိုင်တွယ်ဖို့ လမ်းပတ်အသင့်ဖြစ်နေပြီလို့ အသင်းဖော်ဟောင်းဒရော့ဘာ ထောက်ခံ

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီရာဒရော့ဘာ က မိမိရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဖရန့်လမ်းပတ် ဟာ နည်းပြအတွေ့အကြုံတစ်နှစ်သာရှိသေးပေမယ့် ချဲလ်ဆီးအသင်းရဲ့နည်းပြအဖြစ် တာဝန်ယူဖို့ အသင့်ဖြစ်နေကြောင်း ထောက်ခံပြောကြားလိုက်ပါတယ်။

လမ်းပတ်ဟာ ယမန်နှစ်ဘောလုံးရာသီက ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ရာထူးက ထွက်ခွာတော့မယ့် နည်းပြဆာရီရဲ့နေရာကို အစားဝင်ဖို့ ရေပန်းစားနေသူဖြစ်ပါတယ်။

ကွင်းလယ်လူဟောင်းလမ်းပတ်ဟာ ဒရော့ဘာနဲ့ တွဲဖက်ကစားပြီး ချဲလ်ဆီးအသင်းအတွက် ချန်ပီယံလိဂ်ဖလားအပါအဝင် အောင်မြင်မှုအများအပြားရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒရော့ဘာက ချဲလ်ဆီးကို နည်းပြဖို့ အသက် ၄၀ ကျော်၊ ၅၀ အထိရောက်အောင် စောင့်စရာမလိုဘဲနည်းပြရဲ့အတွေ့အကြုံနဲ့ အောင်မြင်လိုတဲ့စိတ်ဆန္ဒပဲ လိုကြောင်း၊ လမ်းပတ်ဟာ အသင့်ဖြစ်နေတယါလို့ ပြောကြားခဲ့ပါတယ်။