0
39
ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးရင် စပါး ကစားသမားတွေ လုပ်ခ ဆုကြေး လျော့ခံရဖွယ်ရှိနေ
စပါးအသင်းအနေနဲ့ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာ ဆုံးရှုံးမယ်ဆိုရင် အသင်းကစားသမားတွေ လုပ်ခ လစာ နဲ့ ဆုကြေး လျှော့ချခံရဖွယ်ရှိနေပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးမယ်ဆိုရင် စပါးအသင်းရဲ့ ဘဏ္ဍရေးအခက်အခဲကို ကာကွယ်နိုင်ဖို့ အသင်း ဥက္ကဌ လီဗိုင်း လုပ်ဆောင်ဖွယ်ရှိနေပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရှစ်ပွဲကစားပြီးချိန်မှာ သုံးပွဲနိုင်၊ တစ်ပွဲသရေကျထားပြီး လေးပွဲရှုံးနိမ့်ထား တဲ့အတွက် အမှတ်ပေးပြိုင်ပွဲ အဆင့်ကိုးနေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ စပါးအသင်းရဲ့ ရာသီအစ ရလဒ်ပိုင်းမကောင်းတဲ့အတွက် နည်းပြ ပိုချက်တီနိုရဲ့ အနာဂတ် မရေမရာ ဖြစ်နေတယ်လို့ ဗြိတိန် သတင်းတွေကေ ဖာ်ပြပါတယ်။
စပါးအသင်းဟာ ရာသီအစပွဲစဉ်တွေမှာ ရလဒ်မကောင်းတဲ့အပြင် အသင်းရဲ့အဓိက ဂိုးသမား လောရစ်ဟာ လည်း ဒဏ်ရာ ပြဿနာကြောင့် ဒီနှစ်ကုန်အထိအနားယူရဖွယ်ရှိရာ အသင်းအတွက်ထိုးနှက်ချက် ဖြစ်စေခဲ့ပါ တယ်။