ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီ ကို ပြောင်းရွှေ့မယ့် တိုက်စစ်မှူး ရွန်းနီ

0
51




ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီ ကို ဇန်နဝါရီလအတွင်း ပြောင်းရွှေ့မယ့် တိုက်စစ်မှူး ရွန်းနီ


မေဂျာလိဂ် ကလပ် ဒီစီယူနိုက်တက် တိုက်စစ်မှူး ရွန်းနီ ဟာ ဇန်နဝါရီ အပြောင်း အရွှေ့ကာလအတွင်း အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းကို ပြောင်းရွှေတော့မှာ ဖြစ်ပါတယ်။


တိုက်စစ်မှူး ရွန်းနီဟာ ဒါဘီအသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ဒီစီယူနိုက်တက် အသင်းဘက်ကဆိုပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ရွန်းနီ ဟာ ဒါဘီ ကောင်တီအသင်းနဲ့ တစ်နှစ်ခွဲစာချုပ်မှာဖြစ်ပြီး ကစားသမား အဖြစ်သာမက နည်းပြအဖြစ် ပါ ပူးတွဲတာဝန်ယူသွားမှာပါ။


ဒါဘီကောင်တီအသင်းမှာ နည်းပြ ဘဝစတင်ရမှုအပေါ် စိတ်လှုပ်ရှားမိတယ်လို့ ရွန်းနီက ဆိုပါတယ်။ ရွန်းနီ ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လက အဲဗာတန် အသင်းကနေ ဒီစီယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ပြီး ဒီစီယူနိုက်တက် အတွက် လိဂ် ပွဲ ၄၁ ပွဲမှာ ဂိုးပေါင်း ၂၃ ဂိုးသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။