ခ်ည္မွ်င္နဲ႔ အထည္အလိပ္က႑ တိုးတက္ဖို႔ တ႐ုတ္ႏိုင္ငံကို ပညာသင္ ၂၀ ဦး ေစလႊတ္

0
32

ခ်ည္မွ်င္နဲ႔ အထည္အလိပ္က႑ ပိုမိုဖြံ႔ၿဖိဳးတိုးတက္ဖို႔ ရည္ရြယ္ၿပီး တ႐ုတ္ႏိုင္ငံကို ပညာသင္ ၂၀ ဦး ေစလႊတ္လိုက္ၿပီ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ျပည္တြင္းက ခ်ည္မွ်င္နဲ႔ အထည္အလိပ္က႑မွာ နည္းပညာပိုင္း လိုအပ္ခ်က္ေတြရွိေနၿပီး၊ အရည္အေသြးပိုင္း ဆိုင္ရာေတြမွာ နိမ့္က်ေနတဲ႔အတြက္ ျပည္တြင္းက ခ်ည္မွ်င္နဲ႔ အထည္အလိပ္က႑ ဖြံ႔ၿဖိဳးတိုးတက္လာေစဖို႔ ရည္ရြယ္ၿပီး တရုတ္ႏိုင္ငံ ကြမ္ရွီးျပည္နယ္၊ နန္နင္းၿမိဳ႕ကို ျမန္မာႏိုင္ငံ ခ်ည္မွ်င္နဲ႔ အထည္အလိပ္ လုပ္ငန္းရွင္မ်ားအသင္းက ပညာသင္ ၂၀ ဦးကို စက္တင္ဘာလ ၉ ရက္ေန႔က ေစလႊတ္ လိုက္တာ ျဖစ္ပါတယ္။

ပညာသင္သြားေရာက္သူေတြအေနနဲ႔ နန္နင္းၿမိဳ႕ရွိ အထည္အလိပ္ဆိုင္ရာ သင္တန္းေက်ာင္းမွာ စက္တင္ဘာလ ၁၀ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ သင္ယူရမွာ ျဖစ္ၿပီး အထည္အလိပ္စက္ရုံေတြကိုလည္း သြားေရာက္ ေလ့လာရမွာ ျဖစ္ပါတယ္။

Soundbite ေဒၚရင္ရင္မိုး (အေထြေထြအတြင္းေရးမွဴး) 

ျမန္မာႏိုင္ငံ ခ်ည္မွ်င္ႏွင့္ အထည္အလိပ္လုပ္ငန္းရွင္မ်ားအသင္း

အဲဒီ သင္တန္းမွာ အထည္အလိပ္နဲ႔ ပတ္သက္တဲ႔ ထုတ္လုပ္တဲ႔ နည္းပညာကို အဓိက သင္ၾကားေပးမွာ ျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံ ခ်ည္မွ်င္နဲ႔ အထည္အလိပ္က႑က နည္းပညာပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္မွာ ျဖစ္တယ္လို႔ သင္တန္းသြားေရာက္မယ့္ ခ်ည္ထည္လုပ္ငန္းရွင္ တစ္ဦးက ေျပာပါတယ္။

Soundbite ေဒၚနႏၵာစိုးေအး (ခ်ည္ထည္ လုပ္ငန္းရွင္) ႏွင္းဝတ္မႈန္ သဘာဝဆိုးေဆးနွင့္ ခ်ည္ထည္လုပ္ငန္း၊ မႏၱေလးၿမိဳ႕

ျမန္မာႏိုင္ငံ ခ်ည္မွ်င္ႏွင့္ အထည္အလိပ္လုပ္ငန္းရွင္မ်ားအသင္းက ခ်ည္မွ်င္နဲ႔ အထည္အလိပ္က႑မွာ လုပ္ကိုင္ေနတဲ႔ မႏၱေလး၊ စစ္ကိုင္း၊ ရန္ကုန္တိုင္းေဒသႀကီးေတြနဲ႔ ရခိုင္ျပည္နယ္က လုပ္ငန္းရွင္ ၂၀ ဦးကို တရုတ္ႏိုင္ငံကို ပညာသင္ေစလႊတ္ခဲ႔တာ ျဖစ္ၿပီး၊ လာမယ့္ႏွစ္မွာလည္း အခုလို ခ်ည္မွ်င္နဲ႔ အထည္အလိပ္က႑က လုပ္ငန္းရွင္းေတြကို ထပ္မံေစလႊတ္သြားမယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။

ချည်မျှင်နဲ့ အထည်အလိပ်ကဏ္ဍ တိုးတက်ဖို့ တရုတ်နိုင်ငံကို ပညာသင် ၂၀ ဦး စေလွှတ်


ချည်မျှင်နဲ့ အထည်အလိပ်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံကို ပညာသင် ၂၀ ဦး စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။


ပြည်တွင်းက ချည်မျှင်နဲ့ အထည်အလိပ်ကဏ္ဍမှာ နည်းပညာပိုင်း လိုအပ်ချက်တွေရှိနေပြီး၊ အရည်အသွေးပိုင်း ဆိုင်ရာတွေမှာ နိမ့်ကျနေတဲ့အတွက် ပြည်တွင်းက ချည်မျှင်နဲ့ အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့ကို မြန်မာနိုင်ငံ ချည်မျှင်နဲ့ အထည်အလိပ် လုပ်ငန်းရှင်များအသင်းက ပညာသင် ၂၀ ဦးကို စက်တင်ဘာလ ၉ ရက်နေ့က စေလွှတ် လိုက်တာ ဖြစ်ပါတယ်။


ပညာသင်သွားရောက်သူတွေအနေနဲ့ နန်နင်းမြို့ရှိ အထည်အလိပ်ဆိုင်ရာ သင်တန်းကျောင်းမှာ စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သင်ယူရမှာ ဖြစ်ပြီး အထည်အလိပ်စက်ရုံတွေကိုလည်း သွားရောက် လေ့လာရမှာ ဖြစ်ပါတယ်။


Soundbite ဒေါ်ရင်ရင်မိုး (အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များအသင်း


အဲဒီ သင်တန်းမှာ အထည်အလိပ်နဲ့ ပတ်သက်တဲ့ ထုတ်လုပ်တဲ့ နည်းပညာကို အဓိက သင်ကြားပေးမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံ ချည်မျှင်နဲ့ အထည်အလိပ်ကဏ္ဍက နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှာ ဖြစ်တယ်လို့ သင်တန်းသွားရောက်မယ့် ချည်ထည်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
Soundbite ဒေါ်နန္ဒာစိုးအေး (ချည်ထည် လုပ်ငန်းရှင်) နှင်းဝတ်မှုန် သဘာဝဆိုးဆေးနှင့် ချည်ထည်လုပ်ငန်း၊ မန္တလေးမြို့
မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များအသင်းက ချည်မျှင်နဲ့ အထည်အလိပ်ကဏ္ဍမှာ လုပ်ကိုင်နေတဲ့ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတွေနဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းရှင် ၂၀ ဦးကို တရုတ်နိုင်ငံကို ပညာသင်စေလွှတ်ခဲ့တာ ဖြစ်ပြီး၊ လာမယ့်နှစ်မှာလည်း အခုလို ချည်မျှင်နဲ့ အထည်အလိပ်ကဏ္ဍက လုပ်ငန်းရှင်းတွေကို ထပ်မံစေလွှတ်သွားမယ်လို့ ပြောပါတယ်ခင်ဗျာ။