
0
36




ချစ်သူဟောင်းကို ရိုက်နှက်မှုအတွက် စွဲချက်တင်ခံရမယ့် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုတန်

ချစ်သူဟောင်းကို ကိုယ်ထိလက်ရောက် ရိုက်မှုအတွက် ဘိုင်ယန်မြူးနစ် နောက်ခံလူ ဘိုတန် ဟာ စွဲချက်တင်ခံရကြောင်း Daily Mail သတင်းဌာနကဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ဘိုတန် ရဲ့ ရိုက်နှက်မှုကြောင့် လက်မှာဆိုးရွားတဲ့ ဒဏ်ရာမျိုး ရရှိခဲ့တယ်လို့ ဘိုတန်ရဲ့ချစ်သူဟောင်းဖြစ်သူ ရှီရင်ဆန်လာ က မြူးနစ်မြို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားပါတယ်။ အဲဒီရိုက်နှက်မှုနဲ့ပတ်သက်လို့ မြူးနစ် မြို့အမှတ် တစ် ရဲစခန်းက ရဲအရာရှိတွေ စုံစမ်းစစ်ဆေးခဲ့ပြီး တရားရုံးမှာ စွဲချက်တင်ဖို့ စီစဉ်နေပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဘိုတန် ရဲ့ ကိုယ်စားလှယ်တွေကတော့ ဆန်လာ ရဲ့ စွပ်စွဲချက်တွေက အခြေအမြစ် မရှိကြောင်း၊ ဘိုတန် ရိုက်နှက်ခဲ့တာမဟုတ်ဘဲအခြားသူတစ်ဦးက ရိုက်နှက်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ အဆိုပါ ရိုက်နှက်မှုနဲ့ပတ်သက်လို့ မြူးနစ်မြို့ ရဲတပ်ဖွဲ့ ဟာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးနေပြီး လက်ရှိမှာတော့ ဘိုတန်က အဓိက အကျဆုံးလူဖြစ်နေတယ်လို့ ရဲတွေက ပြောပါတယ်။