
0
61




ချစ်သူနဲ့ တရားဝင် လက်ထပ်ဖို့ စီစဉ်နေတဲ့ အဆိုတော် ဂျက်စတင် ဘီဘာ


ကမ္ဘာကျော် အဆိုတော် ဂျက်စတင် ဘီဘာဟာ လာမယ့်လမှာ ချစ်သူနဲ့ တရားဝင် လက်ထပ်ပွဲ အခမ်းအနား ပြုလုပ်သွားမယ်လို့ ပြောပါတယ်။


ဂျက်စတင် ဘီဘာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ချစ်သူ ဟေလေ ဘယ်လ်ဒွင်နဲ့ စေ့စပ်ခဲ့ပြီးနောက် တစ်နှစ်အကြာမှာ လက်ထပ်ဖို့ စီစဉ်တာဖြစ်ပါတယ်။ ဂျက်စတင် ဘီဘာဟာ စေ့စပ်ပွဲ ကျင်းပပြီးနောက် စိတ်ရောဂါ ကုသခံနေရလို့ လက်ထပ်ပွဲ အစီအစဉ် နှောင့်နေးခဲ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။


လက်ရှိ အချိန်မှာ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာတဲ့အတွက် ဂျက်စတင် ဘီဘာဟာ နှစ်ဖက် မိဘဆွေးမျိုးတွေ ပါဝင်မယ့် မင်္ဂလာဆောင် အခမ်းအနားကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။