ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ ဝိဇၨာ၊ သိပၸံေကာလိပ္ တည္ေဆာက္ဖို႔ရွိ

0
27

ခ်င္းျပည္နယ္ ေတာင္ပိုင္း မင္းတပ္ၿမိဳ႕မွာ ပညာသင္ေက်ာင္းသား၊ ေက်ာင္းသူေတြ အဆင္ေျပေစဖို႔ ရည္ရြယ္ၿပီး၊ မင္းတပ္ၿမိဳ႕မွာ ဝိဇၨာ၊ သိပၸံေကာလိပ္ တစ္ခုကို ၂၀၁၉-၂၀၂၀ မွာ တည္ေဆာက္ေပးသြားမယ္လို႔ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ျပည္သူ႔လႊတ္ေတာ္မွာ ေျပာၾကားခဲ႔ပါတယ္။

စက္တင္ဘာလ ၁၃ ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္ ပုံမွန္အစည္းအေဝးမွာ မင္းတပ္မဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနလင္းေအာင္ရဲ႕ မင္းတပ္ၿမိဳ႕မွာ  ေဒသခံေတြ ပါဝင္လွဴဒါန္းထားတဲ႔ ေျမေပၚမွာ တကၠသိုလ္ ဒါမွမဟုတ္ ေကာလိပ္ တစ္ခု တည္ေဆာက္ ေပးဖို႔ အစီအစဥ္ရွိမရွိ ေမးခြန္းအေပၚ အခုလို ေျဖၾကားခဲဲဲ႔တာပါ။

ေဒသခံေတြက စုေပါင္းလွဴဒါန္းထားတဲ႔ ေျမဧရိယာဧက ၃၂၅ ဒသမ ၉၀ ဧက ေပၚမွာ ဝိဇၨာ၊ သိပၸံေကာလိပ္ တစ္ခု တည္ေဆာက္ေပးဖို႔ရွိေနၿပီး၊ ႏွစ္ထပ္ စာသင္ေဆာင္ ၂ လုံး၊ ဆရာ၊ ဆရာမေတြအတြက္ ႏွစ္ထပ္ တိုက္ခန္းတြဲ ၂ လုံး၊ ဝန္ထမ္းေတြအတြက္ ၆ ခန္းတြဲ ၂ လုံး၊ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ႏွစ္ထပ္ အိပ္ေဆာင္ ၂ လုံး တည္ေဆာက္သြားမယ္လို႔ ဒုတိယဝန္ႀကီးက ေျပာပါတယ္။

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဝိဇ္ဇာ၊ သိပ္ပံကောလိပ် တည်ဆောက်ဖို့ရှိ


ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာ ပညာသင်ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး၊ မင်းတပ်မြို့မှာ ဝိဇ္ဇာ၊ သိပ္ပံကောလိပ် တစ်ခုကို ၂၀၁၉-၂၀၂၀ မှာ တည်ဆောက်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။


စက်တင်ဘာလ ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မင်းတပ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ရဲ့ မင်းတပ်မြို့မှာ ဒေသခံတွေ ပါဝင်လှူဒါန်းထားတဲ့ မြေပေါ်မှာ တက္ကသိုလ် ဒါမှမဟုတ် ကောလိပ် တစ်ခု တည်ဆောက် ပေးဖို့ အစီအစဉ်ရှိမရှိ မေးခွန်းအပေါ် အခုလို ဖြေကြားခဲ့တာပါ။


ဒေသခံတွေက စုပေါင်းလှူဒါန်းထားတဲ့ မြေဧရိယာဧက ၃၂၅ ဒသမ ၉၀ ဧက ပေါ်မှာ ဝိဇ္ဇာ၊ သိပ္ပံကောလိပ် တစ်ခု တည်ဆောက်ပေးဖို့ရှိနေပြီး၊ နှစ်ထပ် စာသင်ဆောင် ၂ လုံး၊ ဆရာ၊ ဆရာမတွေအတွက် နှစ်ထပ် တိုက်ခန်းတွဲ ၂ လုံး၊ ဝန်ထမ်းတွေအတွက် ၆ ခန်းတွဲ ၂ လုံး၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် နှစ်ထပ် အိပ်ဆောင် ၂ လုံး တည်ဆောက်သွားမယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။