ခ်င္းနဲ႔ ရခုိင္က ေနရပ္စြန္႔ခြာသူေတြကို ေထာက္ပ့ံႏိုင္ဖို႔ အေမရိကန္ ေဒၚလာ ငါးသန္း ရရွိထား

0
51

ခ်င္းျပည္နယ္နဲ႔ ရခုိင္ျပည္နယ္အတြင္းရွိ ေနရပ္စြန္႔ခြာေရႊ႕ေျပာင္းမႈေတြအတြက္ ကုလသမဂၢ အပါအ၀င္ ျပည္တြင္းျပည္ပ အစုိးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြက အစုိးရနဲ႔ပူးေပါင္းၿပီး ကူညီေထာက္ပံ့ဖုိ႔ အေမရိကန္ ေဒၚလာ ၁၂ ဒသမ ၂ သန္း လ်ာထားတဲ့အနက္ ငါးသန္း ရရွိထားၿပီလို႔ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာန  ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအးက ေျပာၾကားခဲ့ပါတယ္။

ၾသဂုတ္လ ၂၉ ရက္ေန႔က အမ်ဳိးသားလႊတ္ေတာ္ အစည္းအေ၀းမွာ လႊတ္ေတာ္ကုိယ္စားလွယ္ ႏွစ္ဦး ေမးျမန္းတဲ့ တုိက္ပြဲေရွာင္ ျပည္သူေတြအတြက္ ကူညီေထာက္ပံ့မႈေတြ ေပးႏုိင္ဖို႔နဲ႔ ပတ္သက္ၿပီး ကရင္ျပည္နယ္၊ လႈိင္းဘြဲ႔ ၿမိဳ႕နယ္ရွိ ၿမိဳင္ႀကီးငူ တုိက္ပြဲေရွာင္စခန္းက ျပည္သူေတြအတြက္ ဘယ္လုိ စီမံေဆာင္ရြက္ေပးမယ္ ဆိုတာနဲ႔ ပတ္သက္ၿပီး သိရွိလုိေၾကာင္း ေမးျမန္းခဲ့တဲ့အေပၚ ျပည္ေထာင္စု၀န္ႀကီးက အခုလုိ ျပန္လည္ေျဖၾကားခဲ့တာပါ။

ပလက္၀ၿမိဳ႕နယ္ အတြင္းရွိ တုိက္ပြဲေရွာင္ျပည္သူေတြရဲ႕ လုံၿခံဳေရး၊ တရားဥပေဒစိုးမုိးေရးေတြကုိ ကူညီေဆာင္ရြက္ေပးေနတာ ျဖစ္ေၾကာင္းနဲ႔ တုိက္ပြဲေရွာင္ျပည္သူေတြ လတ္တေလာ စား၀တ္ေနေရး အဆင္ေျပေစဖုိ႔အတြက္ ေထာက္ပ့ံမႈေတြ ေပးအပ္ျခင္းနဲ႔ ေရရွည္ဘ၀ရပ္တည္ႏုိင္ေရးအတြက္ အသိပညာေပး ျခင္း ၊သင္တန္းဖြင့္လွစ္ေပးျခင္း ေတြကုိ ေဆာင္ရြက္ေနတာလည္း ျဖစ္ပါတယ္္။

ချင်းနဲ့ ရခိုင်က နေရပ်စွန့်ခွာသူတွေကို ထောက်ပံ့နိုင်ဖို့ အမေရိကန် ဒေါ်လာ ငါးသန်း ရရှိထား


ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေအတွက် ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အစိုးရနဲ့ပူးပေါင်းပြီး ကူညီထောက်ပံ့ဖို့ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂ သန်း လျာထားတဲ့အနက် ငါးသန်း ရရှိထားပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။


သြဂုတ်လ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး မေးမြန်းတဲ့ တိုက်ပွဲရှောင် ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ ပေးနိုင်ဖို့နဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်ရှိ မြိုင်ကြီးငူ တိုက်ပွဲရှောင်စခန်းက ပြည်သူတွေအတွက် ဘယ်လို စီမံဆောင်ရွက်ပေးမယ် ဆိုတာနဲ့ ပတ်သက်ပြီး သိရှိလိုကြောင်း မေးမြန်းခဲ့တဲ့အပေါ် ပြည်ထောင်စုဝန်ကြီးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။


ပလက်ဝမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတွေကို ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ကြောင်းနဲ့ တိုက်ပွဲရှောင်ပြည်သူတွေ လတ်တလော စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ထောက်ပံ့မှုတွေ ပေးအပ်ခြင်းနဲ့ ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် အသိပညာပေး ခြင်း ၊သင်တန်းဖွင့်လှစ်ပေးခြင်း တွေကို ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။