ခ်င္းတြင္းျမစ္ထဲမွာ ေက်ာက္မီးေသြးတင္ တြဲသေဘၤာ နစ္ျမဳပ္

0
69

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးဝၿမိဳ႕နယ္၊ ေရႊက်င္ေက်းရြာအနီး၊ ခ်င္းတြင္းျမစ္အတြင္း ေက်ာက္မီးေသြးတင္ တြဲသေဘၤာတစ္စင္း ဇူလိုင္လ ၁၅ ရက္ေန႔က နစ္ျမဳပ္ခဲ့ပါတယ္။

ဇြဲျမင့္ထြန္း ခုႏွစ္တြဲ သေဘၤာဟာ ကေလးဝၿမိဳ႕နယ္၊ သစ္ေခ်ာက္ေက်းရြာအုပ္စု၊ ထူးဟန္သစ္ ေက်ာက္မီးေသြး ကုမၸဏီက ေက်ာက္မီးေသြးတန္ခ်ိန္ တန္ ၁၇၀၀ ေက်ာ္ တင္ေဆာင္လာၿပီး ေရယာဥ္အုပ္ကေတာ့ ဦးကိုႏိုင္ျဖစ္ပါတယ္။

ဇီးေဒါင့္ေက်းရြာအနီးမွာ တက္မနဲ႔ ပန္ကာၾကားမွာ သစ္တံုးညပ္ၿပီး ဝမ္းဗိုက္ေပါက္ကာ တိမ္းေမွာက္ခဲ့တာပါ။ လတ္တေလာမွာ ေရႊက်င္ေက်းရြာအနီး ေသာင္ခံုမွာ တင္ေနပါတယ္။ ခ်င္းတြင္းျမစ္ေၾကာင္းမွာ ျမစ္ေရႀကီးျမင့္ေနလို႔ ေရယာဥ္ေတြကို သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

ချင်းတွင်းမြစ်ထဲမှာ ကျောက်မီးသွေးတင် တွဲသင်္ဘော နစ်မြုပ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ရွှေကျင်ကျေးရွာအနီး၊ ချင်းတွင်းမြစ်အတွင်း ကျောက်မီးသွေးတင် တွဲသင်္ဘောတစ်စင်း ဇူလိုင်လ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့ပါတယ်။


ဇွဲမြင့်ထွန်း ခုနှစ်တွဲ သင်္ဘောဟာ ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာအုပ်စု၊ ထူးဟန်သစ် ကျောက်မီးသွေး ကုမ္ပဏီက ကျောက်မီးသွေးတန်ချိန် တန် ၁၇၀ဝ ကျော် တင်ဆောင်လာပြီး ရေယာဉ်အုပ်ကတော့ ဦးကိုနိုင်ဖြစ်ပါတယ်။


ဇီးဒေါင့်ကျေးရွာအနီးမှာ တက်မနဲ့ ပန်ကာကြားမှာ သစ်တုံးညပ်ပြီး ဝမ်းဗိုက်ပေါက်ကာ တိမ်းမှောက်ခဲ့တာပါ။ လတ်တလောမှာ ရွှေကျင်ကျေးရွာအနီး သောင်ခုံမှာ တင်နေပါတယ်။ ချင်းတွင်းမြစ်ကြောင်းမှာ မြစ်ရေကြီးမြင့်နေလို့ ရေယာဉ်တွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။