
0
116




ခရီးသည် ၂၃ ဦးပါ ကားတစ်စီး တောင်အောက်ပြုတ်ကျ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် နဲ့ သိန်းနီအကြား လွိုင်ဆမ်ဆစ်တောင်အဆင်းမှာ ခရီးသည် ၂၃ ဦးပါ ကားတစ်စီး တောင်အောက်ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပြီလို့ လားရှိုးအခြေစိုက် ရွှေလှိုင်မေတ္တာလူမှု ့ကူညီရေးအသင်းက ပြောပါတယ်။

လက်ရှိအချိန်မှာ ယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးတဲ့အပြင် အထိအခိုက် အပျက်အစီးနဲ့ အသေအပျောက်စာရင်းကိုလည်း မသိရသေးပါဘူး။