ခရီးသည္နဲ႔ ကုန္တင္ယာဥ္ေတြ ျဖတ္သန္းႏိုင္မယ့္ အိႏၵိယ-ျမန္မာ နယ္စပ္ဂိတ္ ဖြင့္ေတာ့မယ္

0
39

ငါးႏွစ္ ၾကာျမင့္ၿပီးေနာက္ မိုးေရး (မဏိပူရျပည္နယ္) နဲ႔ ျမန္မာ နယ္စပ္မွာ ႏွစ္ႏိုင္ငံ ပူးတြဲလုပ္ေဆာင္မယ့္ နယ္စပ္ဂိတ္ကို ဖြင့္လွစ္ဖို႔ အသင့္ျဖစ္ေနၿပီလို႔ ဟိႏၵဴ ဘစ္ဇနက္လိုင္း သတင္းမွာ ေဖာ္ျပထားပါတယ္။

အဲဒီ နယ္စပ္ဂိတ္ဟာ ခရီးသည္ေရာ ကုန္တင္ယာဥ္ေတြပါ ျဖတ္သန္းႏိုင္မယ့္ တာမီနယ္ေတြ ပါဝင္ၿပီး လာမယ့္ သီတင္းႏွစ္ပတ္အၾကာမွာ အိႏၵိယ ကုန္းလမ္းပို႔ေဆာင္ေရး အာဏာပိုင္အဖြဲ႔ကို လႊဲအပ္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါေပမယ့္ ေခတ္သစ္ကုန္စည္ စီးဆင္းမႈအတြက္ အေျခခံအေဆာက္အအံု လိုအပ္ေသးတာနဲ႔ ကုန္သြယ္ေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ဖို႔ လိုအပ္ေသးတာေၾကာင့္ ပံုမွန္ကုန္သြယ္ေရးကို ခ်က္ခ်င္းစႏိုင္ဦးမွာ မဟုတ္ေသးပါဘူး။

အိႏၵိယဘက္အျခမ္းက အေျခခံအေဆာက္အအံုေတြ ၿပီးစီးေပမယ့္ ျမန္မာဘက္က တမူးၿမိဳ႕မွာ မၿပီးစီးေသးပါဘူး။ အိႏၵိယ ျပည္ပဆက္ဆံေရး ဝန္ႀကီးဌာနက အိႏၵိယနဲ႔ ျမန္မာ နယ္ျခားျမစ္ကို ျဖတ္ၿပီး ကုန္တင္ကားေတြ ျဖတ္သန္းႏိုင္မယ့္ တံတားတည္ေဆာက္ဖို႔ ကမကထ ျပဳထားပါတယ္။ ဒါေပမယ့္ တံတားေဆာက္မယ့္ စီမံကိန္းဟာ ဖက္စပ္ လုပ္ကိုင္ၾကမယ့္ ကန္ထ႐ိုက္ လုပ္ငန္း ႏွစ္ခုျဖစ္တဲ့ Manipur Tribal Development Corporation နဲ႔ Neeraj Cement Structurals တို႔ ၾကားမွာ ျဖစ္ေနတဲ့ ကိစၥေတြေၾကာင့္ မၿပီးျပတ္ျဖစ္ေနပါတယ္။

ခရီးသည်နဲ့ ကုန်တင်ယာဉ်တွေ ဖြတ်သန်းနိုင်မယ့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ဖွင့်တော့မယ်

ငါးနှစ် ကြာမြင့်ပြီးနောက် မိုးရေး (မဏိပူရပြည်နယ်) နဲ့ မြန်မာ နယ်စပ်မှာ နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်မယ့် နယ်စပ်ဂိတ်ကို ဖွင့်လှစ်ဖို့ အသင့်ဖြစ်နေပြီလို့ ဟိန္ဒူ ဘစ်ဇနက်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ နယ်စပ်ဂိတ်ဟာ ခရီးသည်ရော ကုန်တင်ယာဉ်တွေပါ ဖြတ်သန်းနိုင်မယ့် တာမီနယ်တွေ ပါဝင်ပြီး လာမယ့် သီတင်းနှစ်ပတ်အကြာမှာ အိန္ဒိယ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို လွှဲအပ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါပေမယ့် ခေတ်သစ်ကုန်စည် စီးဆင်းမှုအတွက် အခြေခံအဆောက်အအုံ လိုအပ်သေးတာနဲ့ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ လိုအပ်သေးတာကြောင့် ပုံမှန်ကုန်သွယ်ရေးကို ချက်ချင်းစနိုင်ဦးမှာ မဟုတ်သေးပါဘူး။

အိန္ဒိယဘက်အခြမ်းက အခြေခံအဆောက်အအုံတွေ ပြီးစီးပေမယ့် မြန်မာဘက်က တမူးမြို့မှာ မပြီးစီးသေးပါဘူး။ အိန္ဒိယ ပြည်ပဆက်ဆံရေး ဝန်ကြီးဌာနက အိန္ဒိယနဲ့ မြန်မာ နယ်ခြားမြစ်ကို ဖြတ်ပြီး ကုန်တင်ကားတွေ ဖြတ်သန်းနိုင်မယ့် တံတားတည်ဆောက်ဖို့ ကမကထ ပြုထားပါတယ်။ ဒါပေမယ့် တံတားဆောက်မယ့် စီမံကိန်းဟာ ဖက်စပ် လုပ်ကိုင်ကြမယ့် ကန်ထရိုက် လုပ်ငန်း နှစ်ခုဖြစ်တဲ့ Manipur Tribal Development Corporation နဲ့ Neeraj Cement Structurals တို့ ကြားမှာ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် မပြီးပြတ်ဖြစ်နေပါတယ်။