ခင္ပြန္းသည္နဲ႔ တရားဝင္ကြာရွင္းဖုိ႔ တရား႐ံုးမွာ ေလွ်ာက္ထားလုိက္တဲ့ အဒဲလ္

0
62

ၿဗိတိန္ နာမည္ေက်ာ္ အဆုိေတာ္ အဒဲလ္ Adele  ဟာ ခင္ပြန္းသည္ ဆီမြန္ကိုနက္ကီ Simon Konecki.  နဲ႔ တရား၀င္ကြာရွင္းဖုိ႔ အေမရိကန္ႏုိင္ငံ ေလာအိန္ဂ်ယ္လိစ့္ တရားရံုးမွာေလွ်ာက္ထား လုိက္တယ္လုိ႔ E online သတင္းဌာနက ေဖာ္ျပပါတယ္။ 

အသက္ ၃၁ ႏွစ္အရြယ္ရွိ  အဒဲလ္ နဲ႔ ကိုနက္ကီတုိ႔ ဟာ ၇ ႏွစ္ၾကာ ခ်စ္ၾကိဳက္ခဲ့ျပီးေနာက္ ၂၀၁၆ ခုနွစ္ ကတရား၀င္ လက္ထပ္ခဲ့တာျဖစ္ပါတယ္။ 

 အဒဲလ္ ဟာ ခင္ပြန္းသည္ နဲ႔ ျပီးခဲ့တဲ့ ဧျပီလတည္းက သီျခားစီေနထုိင္ခဲ့ျပီး ကြာရွင္းဖုိ႔ စီစဥ္ခဲ့တယ္လုိ႔ အဒဲလ္ ရဲ႕ ကုိယ္စားလွယ္ေတြက ဆုိပါတယ္။ 

ကြာရွင္းရတဲ့အေၾကာင္းအရင္းကို ႏွစ္ဖက္စလံုးက သတင္းထုတ္ျပန္တာမ်ိဳးမရွိေၾကာင္း၊ အဒဲလ္ နဲ႔ ကိုနက္ကီတုိ႔ ဟာ  ေမြးဖြားထားျပီး သားသမီး ပိုင္ဆုိင္မႈအတြက္ ဆက္လက္ ၾကိဳးပမ္းသြားမယ္လို႔အ ဒဲလ္ ရဲ႕ကိုယ္စား လွယ္ေတြက ေျပာပါတယ္။

Adele Family

ခင်ပွန်းသည်နဲ့ တရားဝင်ကွာရှင်းဖို့ တရားရုံးမှာ လျှောက်ထားလိုက်တဲ့ အဒဲလ်


ဗြိတိန် နာမည်ကျော် အဆိုတော် အဒဲလ် Adele ဟာ ခင်ပွန်းသည် ဆီမွန်ကိုနက်ကီ Simon Konecki. နဲ့ တရားဝင်ကွာရှင်းဖို့ အမေရိကန်နိုင်ငံ လောအိန်ဂျယ်လိစ့် တရားရုံးမှာလျှောက်ထား လိုက်တယ်လို့ E online သတင်းဌာနက ဖော်ပြပါတယ်။


အသက် ၃၁ နှစ်အရွယ်ရှိ အဒဲလ် နဲ့ ကိုနက်ကီတို့ ဟာ ၇ နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ကတရားဝင် လက်ထပ်ခဲ့တာဖြစ်ပါတယ်။
အဒဲလ် ဟာ ခင်ပွန်းသည် နဲ့ ပြီးခဲ့တဲ့ ဧပြီလတည်းက သီခြားစီနေထိုင်ခဲ့ပြီး ကွာရှင်းဖို့ စီစဉ်ခဲ့တယ်လို့ အဒဲလ် ရဲ့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။


ကွာရှင်းရတဲ့အကြောင်းအရင်းကို နှစ်ဖက်စလုံးက သတင်းထုတ်ပြန်တာမျိုးမရှိကြောင်း၊ အဒဲလ် နဲ့ ကိုနက်ကီတို့ ဟာ မွေးဖွားထားပြီး သားသမီး ပိုင်ဆိုင်မှုအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့အ ဒဲလ် ရဲ့ကိုယ်စား လှယ်တွေက ပြောပါတယ်။