ကၽြမ္းက်င္ပညာရွင္ေတြရဲ႕ အရည္အေသြးတိုးတက္ေစဖို႔ ကၽြမ္းက်င္မႈဆိုင္ရာ ဖြံ႕ၿဖိဳးမႈညီလာခံ က်င္းပမယ္

0
15

လူငယ္ေတြအပါအ၀င္ ျမန္မာႏိုင္ငံက ကၽြမ္းက်င္ပညာရွင္ေတြရဲ႕ အရည္အေသြးတိုးတက္ေစဖို႕ ကၽြမ္းက်င္မႈဆိုင္ရာ ဖြံ႕ၿဖိဳးမႈညီလာခံကို က်င္းပသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

ေခါင္းေဆာင္မႈနဲ႔ စီမံခန္႕ခြဲမႈ၊ ဘ႑ာေရးနဲ႕ နည္းပညာ၊ စြန္႕ဦးတီထြင္မႈနဲ႕ တီထြင္ဖန္တီးမႈ၊ ဒစ္ဂ်စ္တယ္အ သြင္ကူးေျပာင္းမႈနယ္ပယ္ေတြက ကၽြမ္းက်င္ပညာရွင္ေတြအတြက္ ညီလာခံတစ္ရပ္ကို လာမယ့္စက္တင္ဘာလ ၂၇ ရက္နဲ႕ ၂၈ ရက္ေန႔ေတြမွာ က်င္းပသြားမယ္လို႔ LEARN Myanmar ကေျပာပါတယ္။

စက္တင္ဘာလ ၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Port Autonomy မွာ ကၽြမ္းက်င္မႈဆိုင္ရာဖြံ႕ၿဖိဳးမႈညီလာခံ ၂၀၁၉ ျပဳလုပ္ဖို႔ရွိေနတာနဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တာပါ။ 

Soundbite – Ms. Valerie Badilla (CEO)

LEARN Myanmar

ကၽြမ္းက်င္ပညာရွင္ေတြရဲ႕ေ၀မွ်မႈဟာ သက္ဆိုင္ရာနယ္ပယ္အသီးသီးက ပညာရွင္ေတြကို ပိုမိုတတ္ေျမာက္ ကၽြမ္းက်င္ေစလာၿပီး ညီလာခံကို တက္ေရာက္သူေတြအေနနဲ႕ အလုပ္အသစ္ေတြ၊ လုပ္ငန္းတိုးတက္မႈေတြ၊ စီးပြားေရးတိုးတက္မႈေတြ စတဲ့အက်ိဳးရလဒ္ေတြရရွိမွာျဖစ္တယ္လို႕လည္းေျပာပါတယ္။

Soundbite – Ms. Valerie Badilla (CEO)

LEARN Myanmar

တတိယအႀကိမ္ေျမာက္ ကၽြမ္းက်င္မႈဆိုင္ရာဖြံ႕ၿဖိဳးမႈညီလာခံကို ရန္ကုန္ၿမိဳ႕ Awei Matta Hotel မွာ က်င္းပသြားမွာျဖစ္ၿပီး စကၤာပူနဲ႕ ျမန္မာႏိုင္ငံက ေဟာေျပာသူ ၃၀ ေက်ာ္ တက္ေရာက္ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

ကျွမ်းကျင်ပညာရှင်တွေရဲ့ အရည်အသွေးတိုးတက်စေဖို့ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုညီလာခံ ကျင်းပမယ်


လူငယ်တွေအပါအဝင် မြန်မာနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေရဲ့ အရည်အသွေးတိုးတက်စေဖို့ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုညီလာခံကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။


ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနဲ့ နည်းပညာ၊ စွန့်ဦးတီထွင်မှုနဲ့ တီထွင်ဖန်တီးမှု၊ ဒစ်ဂျစ်တယ်အ သွင်ကူးပြောင်းမှုနယ်ပယ်တွေက ကျွမ်းကျင်ပညာရှင်တွေအတွက် ညီလာခံတစ်ရပ်ကို လာမယ့်စက်တင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ကျင်းပသွားမယ်လို့ LEARN Myanmar ကပြောပါတယ်။


စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ Port Autonomy မှာ ကျွမ်းကျင်မှုဆိုင်ရာဖွံ့ဖြိုးမှုညီလာခံ ၂၀၁၉ ပြုလုပ်ဖို့ရှိနေတာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။


Soundbite – Ms. Valerie Badilla (CEO)
LEARN Myanmar
ကျွမ်းကျင်ပညာရှင်တွေရဲ့ဝေမျှမှုဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပညာရှင်တွေကို ပိုမိုတတ်မြောက် ကျွမ်းကျင်စေလာပြီး ညီလာခံကို တက်ရောက်သူတွေအနေနဲ့ အလုပ်အသစ်တွေ၊ လုပ်ငန်းတိုးတက်မှုတွေ၊ စီးပွားရေးတိုးတက်မှုတွေ စတဲ့အကျိုးရလဒ်တွေရရှိမှာဖြစ်တယ်လို့လည်းပြောပါတယ်။


Soundbite – Ms. Valerie Badilla (CEO)
LEARN Myanmar


တတိယအကြိမ်မြောက် ကျွမ်းကျင်မှုဆိုင်ရာဖွံ့ဖြိုးမှုညီလာခံကို ရန်ကုန်မြို့ Awei Matta Hotel မှာ ကျင်းပသွားမှာဖြစ်ပြီး စင်္ကာပူနဲ့ မြန်မာနိုင်ငံက ဟောပြောသူ ၃၀ ကျော် တက်ရောက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။